Connect with us

ASEAN

အိန္ဒိယနိုင်ငံတွင် COVID-19 ဖြင့် သေဆုံးသူ ၁၁၄ ဦး နှင့် ကူးစက်ခံရသူ  ၄,၄၂၁ ဦးထိ ရှိလာ

အိန္ဒိယ နိုင်ငံရှိ ဆရာဝန်တစ်ဦး COVID-19 ရောဂါ ကုသရေးဆောင်ရွက်နေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၁၁၄ ဦး နှင့် အတည်ပြုလူနာ ၄,၄၂၁ ဦး ရှိလာကြောင်း အိန္ဒိယ နိုင်ငံကျန်းမာရေးဝန်ကြီးဌာန က ဧပြီ ၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

 “ ဒီနေ့ အိန္ဒိယစံတော်ချိန် မနက် ၉ နာရီထိ COVID-19 ရောဂါနဲ့ ဆက်စပ်ပြီး သေဆုံးသူ အရေအတွက်ဟာ ၁၁၄ ဦးရှိသွားပါပြီ” ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဧပြီ ၆ ရက် ညနေပိုင်းထိ သေဆုံးသူ ၁၄၀ ဦးရှိခဲ့ရာမှ သေဆုံးသူ သုံးဦး ထပ်မံ တိုးမြင့်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

   အိန္ဒိယနိုင်ငံတွင် လက်ရှိအချိန်ထိ ရောဂါ ပြန်လည်သက်သာလာပြီး ဆေးရုံအသီးသီးမှ ဆင်းခွင့်ရခဲ့သူပေါင်း ၃၂၅ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက် အရသိရသည်။လက်ရှိတွင် နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားနေသူ ၃,၉၈၁ဦး ရှိကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  ယနေ့ ဧပြီလ ၇ ရက်သည်  အိန္ဒိယနိုင်ငံ၌ Covid-19 ဗိုင်းရပ်စ် ပြန့်နှံ့မှု ထိန်းချုပ်ရန် ၂၁ ရက်ကြာ ပိတ်ဆို့မှုပြုလုပ်ထားသော ၁၄ ရက်မြောက်နေ့ ဖြစ်သည်။

နိုင်ငံတစ်ဝန်း လူများ သွားလာမှုအား ကန့်သတ်ရန်  ညမထွက်ရ အမိန့်ကဲ့သို့သော တားမြစ်မိန့်ကို အစိုးရက ထုတ်ပြန်ထားသည်။ ပိတ်ဆို့မှုကာလအတွင်း မဖြစ်မနေ လုပ်ဆောင်ရမည့် ဝန်ဆောင်မှုလုပ်ငန်းများမှ လွဲ၍  ကား ၊  ရထားနှင့် လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းထားကြောင်း သိရသည်။ (Xinhua)