Connect with us

Videos

တရုတ်နိုင်ငံက Long March-5B ဒုံးပျံအသစ် လွှတ်တင်

ဝန်ချန်း၊ ဟိုင်နန်၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဧရာမ သယ်ဆောင်ရေးဒုံးပျံအသစ် Long March-5B သည် ကနဉီးပျံသန်းမှုကို မေ ၅ ရက်က ပြုလုပ်ခဲ့ပြီး အာကာသအတွင်းသို့ တရုတ်၏ လူလိုက်ပါနိုင်သော အာကာသယာဉ်မျိုးဆက်သစ် စမ်းသပ်ပုံစံနှင့် ကုန်ပစ္စည်းတင်ယာဉ် (cargo return capsule) တစ်စင်း အဖြစ် စမ်းသပ်လွှတ်တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ လူပါရှိသော အာကာသအစီအစဉ်အတွက် အထူးထုတ်လုပ်ထားသော Long March-5B အား အာကာသစခန်း၏ မော်ကျူး (module) များလွှတ်တင်ရန်အတွက် အဓိကအသုံးပြုသွားမည် ဖြစ်သည်။Long March-5B အား အခြေခံကာ မွမ်းမံထားသည့် ဒုံပျံအသစ်ကြီးသည် ၁၈ ထပ်မြင့်သော အဆောက်အဉီအမြင့်ပမာဏ စုစုပေါင်း အလျား ၅၃.၇ မီတာရှိကြောင်း၊ အချင်းဝက် ၅ မီတာရှိသော ဗဟို stage တစ်ခု၊ အချင်းဝက် ၃.၃၅ မီတာ ရှိသော အဟုန်မြှင့်ဒုံးစက် လေးခုနှင့် ၂၀.၅ မီတာရှည်ပြီး အချင်းဝက် ၅.၂ မီတာ ရှိသော ဒုံးပျံအကာ (fairing) တစ်ခု ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံအား သဘာဝပတ်ဝန်းကျင်နှင့်အညီ အောက်ဆီဂျင်အရည်၊ ဟိုက်ဒရိုဂျင်အရည်နှင့် ရေနံဆီ အပါအဝင် တွန်းကန်အားကို အသုံးပြုထားသည်။ ၎င်းဒုံးပျံသည် အလေးချိန် ၈၄၉ တန်ခန့်ကို တင်ဆောင်နိုင်ပြီး ပစ္စည်းကိရိယာ ၂၂ တန်ကျော်ကို ကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းသို့ ပို့လွှတ်နိုင်စွမ်းရှိကြောင်း၊ ယင်းပမာဏသည် ကားအစီးရေ ၁၀ စီးကျော်အလေးချိန်နှင့် ညီမျှကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ၏ ဒုံးပျံများအကြားကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းဆီသို့ အကြီးမားဆုံး သယ်ဆောင်နိုင်စွမ်းလည်း ဖြစ်ကြောင်း သိရသည်။ မေ ၅ ရက်က လွှတ်တင်သည့် ဒုံးပျံသည် Long March ဒုံးပျံစီးရီး၏ ၃၃၁ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.