Connect with us

Science & Technology

တရုတ်နိုင်ငံ၌ အသုံးပြုနေသော 5G အခြေစိုက်စခန်း နှစ်သိန်းကျော်ရှိ 

) တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချိုမိုလန်းမားတောင် အခြေစိုက်စခန်း အနီးတွင် တည်ဆောက်နေသော 5G အခြေစိုက်စခန်း တစ်ခုအား ဧပြီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနှံ့ အသုံးပြုနေသော 5G အခြေစိုက်စခန်း အရေအတွက်မှာ နှစ်သိန်းကျော် ရှိသွားပြီ ဖြစ်ကြောင်း စက်မှု နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန(MIIT)က မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် အင်တာနက်အခြေခံအဆောက်အအုံ တည်ဆောက်မှုတွင် လျင်မြန်စွာ အောင်မြင်မှု ရရှိခဲ့ပြီး 4G သုံးစွဲသူ ၁၂၈ သန်း မှတ်ပုံတင်ထားခြင်းနှင့်အတူ ကမ္ဘာပေါ်တွင် ပထမ နေရာ၌ ရပ်တည်လျက်ရှိကြောင်း MIIT ၏ ဒုတိယ ဝန်ကြီး Chen Zhaoxiong က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ချုံချင့်မြို့ 5G အခြေစိုက်စခန်း တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော အလုပ်သမားများအား ဧပြီ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ

လျှင်မြန်စွာ ဖွံ့ဖြိုးလာသည့် ဒီဂျစ်တယ် စီးပွားရေးသည် ယခုအခါတွင် ဖွံ့ဖြိုးမှုအတွက် မောင်းနှင်အားသစ် တစ်ခု ဖြစ်လာပြီး စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)၏  သုံးပုံတစ်ပုံကျော်ထိ ရောက်ရှိလာကြောင်း ဒုတိယ ဝန်ကြီး Chen Zhaoxiong က မှတ်ချက်ပြုခဲ့သည်။ 

တရုတ်နိုင်ငံ၏ ထိပ်တန်း ဆက်သွယ်ရေး အော်ပရေတာ တစ်ခု ဖြစ်သည့် China Mobile က ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် 5G အခြေစိုက်စခန်းပေါင်း သုံးသိန်းထိ ရှိလာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အခြား ထိပ်တန်း ဆက်သွယ်ရေး အော်ပရေတာ တစ်ခု ဖြစ်သည့် China Unicom က နိုင်ငံတစ်ဝန်းတွင် ယခုနှစ်ကုန်ပိုင်း၌ 5G အခြေစိုက်စခန်း နှစ်သိန်းခွဲ ဆောက်လုပ်ပြီးစီးရန် China Mobile နှင့်အတူ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117