Connect with us

Asia

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၁၁ ဦးအထိ တိုးမြင့်လာ 

အိန္ဒိယနိုင်ငံ အာသံပြည်နယ်၏မြင်ကွင်းများအား ဇူလိုင် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် ယခုကာလများအတွင်း ရေကြီးရေလျှံခြင်းနှင့် တောင်မြေပြိုမှုများဖြစ်ပွားခြင်းကြောင့် သေဆုံးသူ ဦးရေသည် ဇူလိုင် ၂၁ ရက်အထိ ၁၁၁ ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။ 

အာသံပြည်နယ်အတွင်းရှိ ခရိုင် ၃၃ ခု အနက်  ၂၄ ခုတွင် လူပေါင်း ၂.၄သန်းကျော် ဘေးဒဏ်သင့်ခဲ့ပြီး ကျေးရွာပေါင်း ၂,၀၀၀ကျော်၊ လယ်မြေဟက်တာပေါင်း ၁ သိန်းကျော် ပျက်စီးခဲ့ကြောင်း  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့(ASDMA)၏ ဇူလိုင် ၂၀ ရက် ကြေညာချက်အရ သိရသည်။ 

အိန္ဒိယနိုင်ငံ အာသံပြည်နယ်၏မြင်ကွင်းများအား ဇူလိုင် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)အာသံပြည်နယ်, 

အဆိုပါ ထုတ်ပြန်ချက်တွင် ဒေသန္တရအစိုးရအနေဖြင့် ရေဘေးသင့်ခရိုင် ၂၄ ခုတွင် ကူညီကယ်ဆယ်ရေးစင်တာ ၄၆၈ ခု ထားရှိကာ အိုးမဲ့အိမ်မဲ့ဖြစ်နေသောဒုက္ခသည်ပေါင်း ၄၈,၀၀၀ ကျော်ကို လက်ခံစောင့်ရှောက်ထားကြောင်း သိရသည်။ အာသံပြည်နယ် ဝန်ကြီးချုပ်ကလည်း ဇူလိုင် ၂၀ ရက်တွင် ကပ်ဘေးသင့်နေရာအချို့သို့ သွားရောက် ကြည့်ရှုခဲ့ပြီး ဘေးဒဏ်သင့်ပြည်သူအများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံ အာသံပြည်နယ်၏မြင်ကွင်းများအား ဇူလိုင် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မိုးဇလဌာန၏ ကြိုတင်ခန့်မှန်းချက်များအရ လာမည့် ရက်များတွင် အာသံပြည်နယ် အချို့ဒေသများ၌ မိုးသက်မုန်းတိုင်းကျရောက်နိုင်ဖွယ်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် နှစ်စဉ် ဇွန်လ မှ စက်တင်ဘာလသည် မိုးရာသီကာလဖြစ်ပြီး မိုးသည်းထန်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် ပြင်းထန်ဆိုးရွားသော ရာသီဥတုများ မကြာခဏဖြစ်ပွားလေ့ရှိရာ ထိုမှတစ်ဆင့် ရေကြီးရေလျှံခြင်း၊ ရွှံ့သဲကျောက်မြေစီးဆင်းခြင်း၊ တောင်မြေပြိုခြင်းစသည့် ဘေးအန္တရာယ်များ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117