Connect with us

Asia

COVID-19 တိုက်ဖျက်ရေးနှင့် ပြန်လည်နာလန်ထူရေး အာဆီယံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ အခိုင်အမာ ပူးပေါင်းဆောင်ရွက်သွားမည် 

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ China National Pharmaceutical Group (Sinopharm) ၏ ကာကွယ်ဆေး ထုတ်လုပ်သောစက်ရုံတွင် ဝန်ထမ်းတစ်ဦးက COVID-19 inactivated ကာကွယ်ဆေး နမူနာများအား ထုတ်ယူနေစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN) နှင့် တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယားတို့ပါဝင်သော ((ASEAN+3) နိုင်ငံများအနေဖြင့် COVID-19 သက်ရောက်မှုကို လျှော့ချရန်နှင့် နာလန်ထူမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးလုပ်ဆောင်နေစဉ် ရောဂါကိုင်တွယ်ဆောင်ရွက်မှု တိုးတက်စေရန်နှင့်အညီ ထိ‌ရောက်သော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူခဲ့ကြောင်း သိရသည်။ 

ယင်းသည် ဗီယက်နမ်နိုင်ငံ  ဒုတိယနိုင်ငံခြားရေးဝန်ကြီး Nguyen Quoc Dung က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဗီဒီယို ကွန်ဖရင့်ပုံစံဖြင့် ကျင်းပသော ASEAN+3 အဆင့်မြင့်အရာရှိများအစည်းအဝေး၏ အဓိကရလဒ်တစ်ခုလည်း ဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 

တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အနေဖြင့် COVID-19 ကာကွယ်ဆေး သုတေသနနှင့် ထုတ်လုပ်ရေးလုပ်ငန်းများအပြင် ကပ်ရောဂါ သက်ရောက်မှုလျော့ပါးစေရန် ဒေသဆိုင်ရာ ဘုံကြိုးပမ်းအားထုတ်မှုများ၌လည်း ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရန် အာဆီယံက အကြံပြုခဲ့သည်။ 

ထို့ပြင် အစည်းအဝေးတက်ရောက်သူများက ဒေသတွင်း စီးပွားရေးချိတ်ဆက်မှု တိုးတက်ရန်နှင့် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး (RCEP) လက်မှတ်ရေးထိုးမှုကို စီစဉ်ထားသည့်အတိုင်း ပြီးပြည့်စုံစေရေး ကြိုးပမ်းဆောင်ရွက်ရန် ကတိပြုခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။  (Xinhua)