Connect with us

Science & Technology

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များတွင် ယနေ့အထိ လမ်းစုစုပေါင်း ၉၂၈ လမ်း စုစုပေါင်းလမ်းမိုင်အရှည် ၂၆,၂၀၈ မိုင်အား လမ်းအဆင့်မြှင့်တင်ခြင်းများဆောင်ရွက်လျက်ရှိ 

ရန်ကုန်-မန္တလေးအမြန်လမ်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များတွင် လမ်းစုစုပေါင်း ၉၂၈ လမ်း စုစုပေါင်းလမ်းမိုင်အရှည် ၂၆,၂၀၈ မိုင်အား နှစ်စဉ်ရရှိ သည့် ရန်ပုံငွေများဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနအနေဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဦးစီးဌာန၊ တံတားဦးစီးဌာန မှ သိရသည်။ 

“မြန်မာနိုင်ငံရဲ့ မြို့တိုင်းအားလုံးက လမ်းကွန်ရက် ချိတ်ဆက်နေပါပြီ။ နယ်မြေအခြေအနေအရ ကျန်နေသေးတာ လည်းရှိပါတယ်။ ဒါကိုလည်း ဆောင်ရွက် နိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။’’ ဟု တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက ဆင်ဟွာသို့ သြဂုတ် ၂၉ ရက် တွင်ပြောသည်။

ယခုအစိုးရလက်ထက်၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ကတ္တရာကွန်ကရစ်လမ်း ၁၉၀၁ မိုင် ၇ ဖာလုံ၊ ကွန်ကရစ် လမ်း ၁၀၄၅ မိုင် ၃ ဖာလုံ၊ ကတ္တရာလမ်း ၂၀၉ မိုင် ၄ ဖာလုံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လမ်းဦးစီးဌာနအနေဖြင့် နှစ်စဉ်ရရှိသည့် ဘဏ္ဍာရန်ပုံငွေများဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် Paved Ratio သည် ၇၆ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်သည်။

“လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေတဲ့ လမ်းပိုင်းတွေ  အရည်အသွေးမီဖို့ အတွက်လည်း လမ်းသုတေသန ဌာနနဲ့ လေယာဉ်ကွင်းဒီဇိုင်းဌာနတို့က လမ်းဒီဇိုင်းထုတ်ပေးပြီး ကွင်းလုပ်ငန်းတွေမှာအရည်အသွေး ထိန်းသိမ်းရေးဌာနခွဲ တွေကအရည်အသွေး စစ်ဆေးရေး ဆောင်ရွက်မှုတွေနဲ့  စစ်ဆေးကြပ်မတ်လျက်ရှိပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

လမ်းဦးစီးဌာနသည် ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ခြင်းအဖြစ် ကတ္တရာ ကွန်ကရစ်ခင်းခြင်း ၊ လမ်းလယ်ကျွန်းအား Raised Median မှ Depressed Median သို့ ပြောင်းလဲ၍ Median Shoulder တိုးချဲ့ ခြင်းနှင့် Guard Rail တပ်ဆင်ခြင်း ၊ လမ်းလယ် ကျွန်း ရေမြောင်းတည်ဆောက်ခြင်း ၊ အမြန် လမ်းမကြီးနှင့်အပြိုင် ကျေးရွာချင်းဆက် ကုန်ထုတ်ဆက်သွယ်ရေးလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း၊ တမူး-စစ်သောင်-ရောင်ဟီးလမ်း၊ ရောင်ဟီး-ပင်လည်ဘူးလမ်း၊ ရွှေဘို-မြစ်ကြီးနားလမ်း၊ ရေဦး-ကလေးဝလမ်း၊ ပုဏ္ဏားကျွန်း-ရသေ့ တောင်လမ်း၊မိုင်းဆတ်-တာချီလိတ်လမ်း၊ ကျောက်ဂူ-နောင်ဝိုး-နမ့်လန်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း စသည့် လမ်းပိုင်းကြီးများကောင်း မွန်ရေးအတွက် လမ်းအဆင့်မြှင်တင်ခြင်း လုပ်ငန်းများကို လမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117