Connect with us

Economy

တရုတ်နိုင်ငံရှိ ထိပ်တန်းပုဂ္ဂလိက ကုမ္ပဏီ ၅၀၀ ၏ ဆန်းသစ်တီထွင်နိုင်စွမ်း ပိုမိုအားကောင်းလာဟု အစီရင်ခံစာကဆို 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် ရှီနင်မြို့တွင် ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံ၏ ထိပ်တန်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ၅၀၀ ထိပ်သီးအစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ ထိပ်တန်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ၅၀၀ သည် ၂၀၁၉ ခုနှစ်အတွင်း ၎င်းတို့၏ ဆန်းသစ်တီထွင်နိုင်စွမ်း တည်ငြိမ်စွာကြီးထွားလာသည်ကို တွေ့မြင်ခဲ့ရကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးအဖွဲ့ချုပ်က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ဦးဆောင်ကုမ္ပဏီ ၅၀၀ အနက် ကုမ္ပဏီ ၄၀၂ ခု၏ အရေးပါသောနည်းပညာများသည် အဓိကအားဖြင့် သီးခြားလွတ်လပ်စွာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း၏ ၈၀.၄ ရာခိုင်နှုန်းရှိကြောင်း တရုတ်နိုင်ငံ၏ထိပ်တန်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ၅၀၀ ကို ၂၀၁၉ ခုနှစ် အချက်အလက်များကို အခြေပြုလေ့လာခဲ့သော ၂၀၂၀ ပြည့်နှစ် စစ်တမ်းနှင့် လေ့လာဆန်းစစ်မှုဆိုင်ရာ အစီရင်ခံစာတွင် ပြောကြားထားသည်။ 

တရုတ်နိုင်ငံ၏ထိပ်တန်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ၅၀၀ ရရှိခဲ့သည့် တရားဝင်မူပိုင်ခွင့်အရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် ၈.၄၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နိုင်ငံတကာမူပိုင်ခွင့် အရေအတွက်များလည်း သိသိသာသာ များပြားလာခဲ့ကြောင်း အစီရင်ခံစာ အရ သိရသည်။

ကြီးမားသော သုတေသနနှင့်ဖွံဖြိုးတိုးတက်မှု (R&D) ရင်းနှီးမြှုပ်နှံမှုက တိုးတက်လာသော ဆန်းသစ်တီထွင်မှုစွမ်းဆောင်ရည် အပေါ် အားဖြည့်ပေးခဲ့သည်ဟု ဆိုသည်။ အစီရင်ခံစာအရ R&D အတွက် အများဆုံးသုံးစွဲသူသည် ယွမ် ၁၃၁.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉.၂ ဘီလီယံခန့်) အသုံးပြုခဲ့ပြီး ဒုတိယမြောက်အများဆုံးက ယွမ် ၂၀.၇ ဘီလီယံအသုံးပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာတွင် R&D အတွက်အတွက် သုံးစွဲမှုကုန်ကျစရိတ်နှင့် အဓိကစီးပွားရေးလုပ်ငန်းဝင်ငွေ အချိုးချထားသော R&D သုံးစွဲမှုပမာဏကို အလေးထားဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ၅၀၀ အနက် ၅၉ ခု တွင် R&D ၌ သုံးစွဲမှုမှာ ၂၀၁၉ ခုနှစ်တွင် ၃ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး နောက်ထပ်ကုမ္ပဏီ ၅ ခုတွင်မူ ၁၀ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117