Connect with us

Economy

ဇူလိုင်လတွင် တရုတ်နိုင်ငံ၌ ထီလက်မှတ်ရောင်းအား ၁၀.၄ ရာခိုင်နှုန်း မြင့်တက်လာ 

မဲပေါက်သွားသည့် ထီလက်မှတ်ကို ပြသနေသည့် ဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ ထီရောင်းချရမှု ရရှိငွေသည် ဇူလိုင်လက ယွမ် ၃၆.၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၂၉ ဘီလီယံခန့်) ရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလကထက် ၁၀.၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန (MOF) ၏ အချက်အလက်များအရ သိရသည်။

လူမှုဖူလုံရေး ထီလက်မှတ်များရောင်းချရမှုအနေဖြင့် ၂၀၁၉ ခုနှစ်ကထက် ၂.၆ ရာခိုင်နှုန်း မြင့်တက်လာရာ ယွမ် ၁၅.၄၄ ဘီလီယံ ရှိခဲ့ပြီး အားကစား ထီလက်မှတ် ရောင်းအားကမူ ၁၇.၁ ရာခိုင်နှုန်းမြင့်တက်၍ ယွမ် ၂၀.၇၁ ဘီလီယံ ရရှိခဲ့သည်ဟု MOF ကပြောခဲ့သည်။

ပထမခုနစ်လအတွင်း ထီရောင်းအားပမာဏမှာ ယွမ် ၁၆၀.၀၅ ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ်ကထက် ၃၄.၈ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ထီလုပ်ငန်းစီမံခန့်ခွဲမှုစည်းမျဉ်းဥပဒေများအရ ထီလက်မှတ်ရောင်းချမှုမှ ရရှိလာသည့် ငွေကြေးများကို စီမံအုပ်ချုပ်ရေး၊ အများပြည်သူ သာယာဝပြောရေးစီမံကိန်းများနှင့် ဆုချီးမြှင့်ရေး စသည့်ကိစ္စရပ်များ၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117