Connect with us

MYANMAR

ယနေ့ည COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၆) ဦး စစ်ဆေးတွေ့ရှိ ၊ ၂ဦးထပ်မံသေဆုံး

နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

 

ရန်ကုန်  ၊ စက်တင်ဘာ ၁၃ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၆)ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၂ဦးထပ်မံသေဆုံးခဲ့ကာ  သေဆုံးသူစုစုပေါင်း ( ၂၀)ဦး ထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၃ရက်ည ၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။

သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၄) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-2429) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးဆိပ်သင့်ခြင်းရောဂါဖြင့် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ (၃:၁၅) နာရီအချိန်တွင် သေဆုံးကြောင်း သိရသည်။ 

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၉၀) နှစ်အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသမီး (Case-2064) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် နှလုံးစည်းချက်မမှန်ဖြစ်ကာ ရုတ်တရက်နှလုံးရပ်၍  စက်တင်ဘာ ၁၃ ရက် မွန်းလွဲ (၂:၂၅) နာရီအချိန်တွင် သေဆုံးသွားခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၃ ရက် ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၉၃၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။စက်တင်ဘာလ ၁၃ရက် ည ၈နာရီ အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း များအနက် စုစုပေါင်း (၆၉၉)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။  (Xinhua)