Connect with us

Africa & Middle East

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးဆောင်ရွက်မည်ဟု G20 အဖွဲ့ဝင်နိုင်ငံများ ကတိပြု

ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တွင် အောက်တိုဘာ ၇ ရက်က ကျင်းပသည့် G20 အဖွဲ့ဝင်နိုင်ငံများ ခရီးသွားဝန်ကြီးများ၏ ဗွီဒီယိုအစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းကို အစွမ်းကုန် မြှင့်တင် တွန်းအားပေး ဆောင်ရွက်ကြမည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်က ကျင်းပသည့် G20 အဖွဲ့ဝင်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးများ၏ ဗွီဒီယိုအစည်းအဝေးတွင် ကတိပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို G20အဖွဲ့ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံက ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။ခရီးသွားလုပ်ငန်း ပြန်လည်နလံထူရေး၊ ခရီးသွားကဏ္ဍကို အဓိကကျသည့် ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် တိုးတက်အောင် ဆင့်တိုးဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ကပ်ရောဂါကာလအလွန် ကမ္ဘာ့စီးပွားရေး လျင်မြန်စွာ ပြန်လည် နိုးထရန် ခရီးသွားကဏ္ဍကို အပြည့်အဝ အားထားဆောင်ရွက်သွားဖြစ်ကြောင်း အစည်းအဝေး၏ကြေညာချက်တွင် ဖော်ပြထားသည်။

G20နိုင်ငံများအနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ခရီးသွားကဏ္ဍ နိုးထရေး ဆက်လက်တွန်းအားပေးဆောင်ရွက်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်း အားထားရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ကပ်ရောဂါဂယက် ရိုက်ခတ်မှုကို ဆိုးဝါးစွာ ရင်ဆိုင်နေခဲ့ရသည့် အသေးစားအလတ်စား ခရီးသွားလုပ်ငန်းများကို ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

ခရီးသွားလုပ်ငန်းသည် ကပ်ရောဂါသက်ရောက်မှု အဆိုးဝါးဆုံး လုပ်ငန်းများအနက် တစ်ခုဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။ ခရီးသွားလုပ်ငန်းသည် ၂၀၁၉ ခုနှစ်က ကမ္ဘာ့ GDP၏ ၁၀ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ပြီး အလုပ်အကိုင်ခွင့်အလမ်း သန်းပေါင်း ၃၃၀ ဖန်တီးပေးနိုင်ခဲ့ရာ အမျိုးသမီးလုပ်သားများက ၅၄ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။ ကပ်ရောဂါ သက်ရောက်မှုကြောင့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းသည် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ လျော့ကျသွားနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117