Connect with us

Science & Technology

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် သတ္တုနှင့် သတ္တုထွက်ပစ္စည်းအမျိုးမျိုးကို စုစုပေါင်းမက်ထရစ်တန်ချိန် ၁၃ သန်းကျော် တန်ထုတ်လုပ်နိုင်ခဲ့ကြောင်းဆို

နမ္မတူ-ဘော်တွင်း သတ္တုတွင်းထွက်ကုန် ဖြစ်သည့် (၉၉.၉၉ %) ရှိခဲစင်အားတွေ့ရစဉ် (ဓာတ်ပုံ--အမှတ် ၁ သတ္တုတွင်းလုပ်ငန်း)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) 

၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် သတ္တုနှင့် သတ္တုထွက်ပစ္စည်းအမျိုးမျိုးကို စုစုပေါင်းမက်ထရစ်တန်ချိန် ၁၃,၄၅၁,၁၉၄ ဒဿမ ၇၉၅ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊အမှတ်(၁)သတ္တုတွင်းလုပ်ငန်း မှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်မိမိကျော်က ဆင်ဟွာသို့ အောက်တိုဘာ ၂၃ ရက်တွင်ပြောသည်။

အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသည် ခဲစင်၊ ငွေစင်၊ ကတ်သုတ်၊ ကြေးနီနှင့်သွပ်သတ္တုသန့်စင် များကို အဓိကထုတ်လုပ်ပြီး ဘေးထွက်ပစ္စည်းများအဖြစ် ခနောက်စိမ်းခဲ၊ ကြေးနီမက်နှင့် နီကယ်စပိုက် တို့ကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

“ရာခိုင်နှုန်းအားဖြင့် ၁၈၇ ဒဿမ ၈၂ ရာခိုင်နှုန်း ကိုထုတ်လုပ်နိုင်ခဲ့တဲ့ အတွက် သတ်မှတ်လျာထားချက် ထက်အများကြီးကျော်လွန်ထုတ်လုပ်နိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

သတ္တုတွင်းဦးစီးဌာန အနေဖြင့် ဓာတ်သတ္တု တွင်းထွက်ပစ္စည်း များကို ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်မှုဖြည့်ဆည်းပေးရေးနှင့် ပြည်ပပို့ကုန်တိုးချဲ့ ထုတ်လုပ်နိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ရေရှည်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးစားစက်မှုလုပ်ငန်းများအစပျိုးနိုင်ရန် လိုအပ်သည့်ဓာတ်သတ္တု ကုန်ကြမ်းပစ္စည်းများ တိုးချဲ့ ထုတ်လုပ်ရေးကို ကြိုးပမ်းလျက်ရှိကြောင်းနှင့် အရေးကြီးသောဓာတ်သတ္တုပစ္စည်းများ တိုးချဲ့ရှာဖွေဖော်ထုတ်ရေးကို အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117