Connect with us

Social

ချစ်သူများနေ့ တွင် ချစ်သူစုံတွဲများဆင်နွှဲမှုပိုများလာ

ချစ်သူများနေ့တွင် ချစ်သူအတွက်ပြင်ဆင်ထားသည့်မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ဖေဖော်ဝါရီ၁၄ရက်(ဆင်ဟွာ)

ကန်တော်ကြီးဥယျာဉ်၏ ချစ်သူများကျွန်းတွင် အသက်၂၀ ကျော်အရွယ် လူငယ်အမျိုးသားတစ်သိုက် ရောင်စုံ ဘောလုံးများဆင်နေသူ၊ ပို့စကတ်လေးတွေ လိုက်ချိတ်သူချိတ် နှင့် အလုပ်ရှုပ် နေကြသည်။ ပတ်ဝန်းကျင်က လူများ ၎င်းအဖွဲ့ကို စိတ်ဝင်တစားကြည့်ရှုသွားကြသည်။

ပြင်ဆင်ပြီးချိန်တွင် မီးခိုးရောင် အင်္ကျ ီ ဆင်တူဝတ်ဆင်ထားတဲ့ စုံတွဲလေးတစ်တွဲ ရောက်ရှိလာပြီး၊ ကောင်လေးမှ ၎င်း၏ချစ်သူ ကောင်မလေးအား မျက်လုံးလေးမှိတ်ပြီး အဆိုပါ ပြင်ဆင်ထားသည့် နေရာအရောက် မျက်လုံးဖွင့်ပေးလိုက်သည်။

ကောင်မလေးမှ သူ့ချစ်သူကောင်လေး ပြင်ဆင်ထားသည့် ပို့စကတ်များ၊ အရုပ်များ၊ ပူပေါင်းလေးများ နှင့် အလှဆင်ထားသည်ကို တွေ့သောအခါ အံံ့သြပျော်ရွှင်စွာ အာမေဋိတ်ရေရွတ်လိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့တွင် ချစ်သူအား အံ့သြဖွယ်လက်ဆောင်ပေးသည့် စုံတွဲလေး၏ မြင်ကွင်းဖြစ်သည်။ယနေ့သည် နိုင်ငံတကာတွင် ချစ်သူများနေ့အဖြစ် ချစ်သူစုံတွဲတိုင်း ကြည်နူးစွာကျင်းပကြသည့် နေ့တစ်နေ့ဖြစ်ပြီး၊ ချစ်သူကောင်လေး၊ ကောင်မလေးများမှ သူတို့၏ ချစ်သူအားကြည်နူးဖွယ် အမှတ်တရ လက်ဆောင်များ ပြင်ဆင်ပေးကြသည့်နေ့လည်းဖြစ်သည်။

ကန်တော်ကြီးတွင် ချစ်သူစုံတွဲအားတွေ့ရစဉ်(ဆင်ဟွာ)

ယနေ့ခေတ်အခါ တွင် နားလည်ထားကြသော St.Valentine’s day ဆိုသည်မှာ ရှေးခေတ်ရောမ ရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးမြတ်ထားသော နေထူးနေ့မြတ် တစ်ခုဖြစ် ကြောင်း သိရသည်။ ဒဏ္ဍာ ရီတစ်ခု အရ Valentine (ဗယ်လင်တိုင်း) သည် သုံးရာစုလောက်က ရောမတွင် ပေါ် ထွန်းလာသည့် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး၊ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ်-၂က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည် များအား မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှု့ထမ်းစေကြောင်း၊ သူတော်စဉ် Valentine ဟာဘုရင် ကလောဒီး ယပ်စ်တားမြစ်ထားသည့် ဥပဒေ အပြင်ဘက်မှ စစ်မှု့ထမ်းသူ လူငယ်များအား သူတို့၏ ချစ်သူများနှင့် တိတ်တဆိတ် လက်ထပ်ပေးခဲ့ကြောင်း သိရသည်။ ၎င်းဘုန်းတော်ကြီး၊ Valentine ၏လုပ်ရပ်များအား ဘုရင်သိသွားသည့် အခါ ဘုန်းတော်ကြီးအား သေဒဏ်ချမှတ် ခဲ့သည်။ အခြားပုံပြင် တချို့တွင်တော့ Valentine ပာာအကျဉ်းထောင်မှ အကျဉ်းသားများအား လွတ်မြောက်အောင်လုပ်ပေးခဲ့သည့် အတွက် သေဒဏ်ကျခံရကြောင်း ဆိုထားသည်။

နောက်ဒဏ္ဍာရီ တစ်ခုတွင်တော့ Valentine ဟာပထမဆုံး ချစ်သက်လက်ဆောင်ကို သူကိုယ်တိုင်ပေးပို့ ခဲ့တယ် လို့ဆိုထားကြောင်း၊ အ ကျဉ်းချခံတားရစဉ် Valentine ဟာ သူထံအလည်လာတွေ့တတ်သူ ထောင်မှူးသမီးနှင့် ချစ်ကြိုးသွယ် ခဲ့ကာ ဗယ်လင်တိုင်း မသေဆုံးခင် စာတစ်စောင်ရေးသားရာမှာ `From your Valentine’ လို့ လက်မှတ်ရေးထိုးခဲ့ သည့် ပါးစပ်ရာဇဝင် များ ရှိခဲ့သည်။

ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်တွင် St.Valentine’s Day အား ဖေဖော်ဝါရီလ ၁၄ရက်နေ့ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုမှစ၍ ခေတ်ကာလပြောင်းလဲလာရာမှ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine`s Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ကြောင်း ပါးစပ်ရာဇဝင်များ အရသိရသည်။ခေတ်များ ပြောင်းလဲလာသည့် နှင့် အမျှ ချစ်သူများနေ့အား မြန်မာနိုင်ငံတွင်လည်း ချစ်သူစုံတွဲများမှ ပျော်ရွှင်စွာ အမှတ်တရလက်ဆောင်ပေးခြင်း၊ ပန်းစည်းများပေးခြင်း၊ ဆင်တူအိကျီ ၤများဝတ်၍ လျှောက်လည်ခြင်းများ ပြုလုပ်လာကြသည်။ အချို့စုံတွဲများသည် အထူးတလည်ဖြင့် စိတ်ဝင်စားဖွယ်လက်ဆောင်များအား ကြိုတင်စီစဉ်၍ ချစ်သူအား ပေးလာကြကြောင်း သိရသည်။

အမှတ်တရပစ္စည်းရောင်းဝယ်သည့် Love Melody မှ ဦးသန့်ဇင်က “ ဒီနှစ်ဗယ်လင်တိုင်းမှာဆိုရင် အသဲပုံခရစ္စတယ်လေးတွေ၊ တက်တူးဓာတ်ပုံလေးတွေ၊ သူတို့ချစ်သူနာမည် ထိုးထားတဲ့ memory stick လေးတွေ ၊ 925 မှာ ချစ်သူနာမည် စာထွင်းထားတဲ့ လက်စွပ်လေးတွေပေးကြတယ်’’ ဟုဆင်ဟွာကိုပြောသည်။
Candy Land မှ ဦးခိုင်စိုးက “ ကျွန်တော်တို့က ဟန်းမိတ်(Hand Made) သကြားလုံးလေးတွေကို ချစ်သူများ နေ့ အတွက် အထူးအစီအစဉ်အနေ နဲ့ အသဲပုံလေးတွေ၊ နှုတ်ခမ်းပုံလေးတွေ လုပ်ထားတယ်။ တချို့က အသဲပုံ သကြားလုံးပေါ်မှာ ချစ်သူ့နာမည် ရေးခိုင်းတယ်။ လူတွေက တစ်နှစ်ထက်တစ်နှစ် ချစ်သူများနေ့ကို ပိုအလေးအထားလာကြတယ်လို့ထင်ပါတယ်’’ ဟုပြောသည်။
ချစ်သူများနေ့တွင် တချို့က ချစ်သူဆီ အံ့အားသင့်စေမည့် လက်ဆောင်အား အိမ်အရောက်ပို့ဆောင်ခြင်း ဝန်ဆောင်မှုများ အပ်၍ ပို့ခိုင်းကြခြင်းလည်းရှိသည်။ လမ်းပေါ်၊ ပန်းခြံ၊ စားသောက်ဆိုင်၊ ကစားကွင်း စသဖြင့် နေရာ အနှံ့တွင် အရောင်ဆင်တူ၊ အိင်္ကျ ီဆင်တူဝတ်ထားသည့် စုံတွဲများ ချစ်သူများနေ့အား ဆင်နွှဲကြသည်။
ချစ်သူအား ချစ်သူများကျွန်းတွင် အံ့အားသင့်စေမည့်လက်ဆောင်ပေးခဲ့သည့် ကိုကျော်သီဟက “ ချစ်သူများနေ့ကို တန်ဖိုးထားလို့ ချစ်သူကိုလည်း အရမ်းချစ်လို့ အခုလို အံ့အားသင့်စေမယ့်လက်ဆောင်မျိုး ပေးခဲ့တာပါ။ ဒီလိုလက်ဆောင်ပေးနိုင်ဖို့ ပြင်ဆင်ချိန် ကျွန်တော်သူငယ်ချင်းတွေနဲ့ အတူ အချိန် ၄ ရက်လောက် ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။
ချစ်သူများနေ့တွင် စားသောက်ဆိုင်များမှ အထူးအစီအစဉ်များ ပြုလုပ်သလို၊ တခြား ဆိုင်များတွင်လည်း ချစ်သူများနေ့ အထိးအမှတ် အရောင်းမြှင့်တင်ခြင်း အထူးအစီအစဉ်များလည်း ပြုလုပ်ကြသည်(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117