Connect with us

Social

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း စတင်

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း စတင်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ- ဆောက်လုပ်ရေး ဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း စတင်ခြင်း အခမ်းအနားအား ယနေ့ဖေဖော်ဝါရီ ၁၇ ရက်တွင် ဒလမြို့နယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလ တံတား စီမံကိန်းသည် ရန်ကုန်မြို့နှင့် ဒလမြို့နယ်သို့လွယ်ကူ ချောမွေ့စွာ ဆက်သွယ် သွားလာနိုင်ရေး အတွက် ရန်ကုန်မြစ်ကို ဖြတ်၍ တည်ဆောက်မည့် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် စီမံကိန်း ဖြစ်ကြောင်း ၊ ရန်ကုန်မြို့နှင့် ဒလမြို့နယ်များမှာ ရေလမ်းခရီးကိုသာ အသုံးပြု၍ ကုန်စည်များ ပို့ဆောင် ဆက်သွယ် သွားလာနေရသဖြင့် စီမံကိန်းကြီး အကောင်အထည်ဖော် ပြီးစီးပါက ရန်ကုန်မြို့၊ မြို့တွင်းလမ်းမှ အဝေးပြေး လမ်းမကြီး အမှတ် (၁) နှင့် ချိတ်ဆက်နိုင်မည် ဖြစ်၍ ဒလမြို့တစ်ဖက်ကမ်းရှိ ဒေသခံများ၏ လူနေမှု အဆင့်အတန်း မြင့်တက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယား နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ (EDCF) ချေးငွေဖြင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး “ဒလ” တံတား တည်ဆောက်ရေး အတွက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကိုရီးယား ပို့ကုန် သွင်းကုန်ဘဏ် (Korea Exim Bank) တို့ အကြား သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.