Connect with us

Politics, Law & Military

ရခိုင်အမျိုးသားပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ကျင်းပမည်

ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် (ဓာတ်ပုံ- ရခိုင်အမျိုးသားပါတီ Arakan National Party Facebook)

ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ရခိုင်အမျိုးသားပါတီက ပြည်နယ် အစိုးရဖွဲ့စည်း ရာတွင် ဦးဆောင် ပါဝင်ခွင့် ရရေးနှင့် ပတ်သက်သော ဗဟို အလုပ်အမှု ဆောင် အစည်းအဝေး ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် နေရာ အများဆုံး ရရှိထားခြင်းကြောင့် ပြည်နယ် အစိုးရကို ဖွဲ့စည်းရာတွင် ပြည်နယ် ဝန်ကြီးချုပ် နေရာ အပါအဝင် အစိုးရအဖွဲ့ဝင် နေရာ အများဆုံး ရရေး အစီအစဉ်များကို ဗဟို အလုပ်အမှုဆောင် အစည်းအဝေး၌ ဆွေးနွေးမည်။

ဖွဲ့စည်းပုံ အခြေခံဥပ ဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို နိုင်ငံတော် သမ္မတကသာ ရွေးချယ် ခန့်အပ် ပိုင်ခွင့် ရှိသဖြင့် ပြည်နယ် ဝန်ကြီးချုပ် နေရာအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင် ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင် အမျိုးသာ းပါတီက ညှိနှိုင်း ဆွေးနွေးရမည် ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အတွင်း မဲဆန္ဒနယ် ၃၅ နေရာရှိရာ ရခိုင်အမျိုးသား ပါတီက ၂၃ နေရာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုးနေရာ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက သုံးနေရာ အနိုင် ရရှိထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117