Connect with us

Politics, Law & Military

ဘန်းယဉ် မြို့နယ်အတွင်း ကာလတန်ဖိုး ကျပ်သိန်း ၂,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သိမ်းဆည်း ရမိ

ဖမ်းဆီရမိသော တရားခံများကို ဖမ်းမိမူးယစ်ဆေးဝါး များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဘန်းယဉ် မြို့နယ် အတွင်း ကာလ တန်ဖိုးကျပ် သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ သိမ်းဆည်း ရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ဘန်းယဉ်မြို့နယ်၊ ဟိုပုံး-ဆီဆိုင်သွား ကားလမ်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက လမ်းလုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီလ ၁၁ ရက် ည ၁၁ နာရီခန့်တွင် ဟိုပုံးမှ ဆီဆိုင်မြို့သို့ ယာဉ်မောင်း သားဒီ ၂၀ နှစ် (ဘ) ဦးထွယ် မောင်းနှင်ပြီး တတီး ၂၁ နှစ် (ဘ) ဦးရှိုးတို့ လိုက်ပါလာသည့် ယာဉ်အမှတ်၊ ၃ဂ /—– မတ်တူး (အဖြူရောင်) နှင့် ယာဉ်မောင်း မောင်မုန်း ၃၆ နှစ် (ဘ) ဦးထွတ်နု မောင်းနှင်ပြီး ဦးပန်းလှိုင် ၅၆ နှစ် (ဘ) ဦးထွန်းဝေတို့ လိုက်ပါလာသည့် ယာဉ်အမှတ်၊ 7H/—– ပရိုဘောက် (အဖြူရောင်) တို့အား ရပ်တန့် ရှာဖွေ စစ်ဆေးရာ ယာဉ်မောင်း သားဒီ ဝတ်ဆင်ထားသော ဂျင်းနက်ပြာ အင်္ကျီ အိတ်ကပ် အတွင်းမှ အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၂၀ ပြားနှင့် ယာဉ်မောင်း မောင်မုန်း မောင်းနှင်လာသည့် ပရိုဘောက်ယာဉ်၏ နောက်ခန်း ကြမ်းခင်းအောက် စပယ်ယာ ဘီးအတွင်း အပြာရောင် ပလတ်စတစ် အိတ်များဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၅၁,၅၀၀ ပြား၊ စုစုပေါင်း ဆေးပြား ၅၁,၅၂၀ ပြား၊ ကာလ တန်ဖိုး ကျပ်သိန်း ၂၀၆,၀၈၀,၀၀၀ ခန့်တို့အား သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ တရားခံများနှင့် မူးယစ်ဆေးဝါးများအား ဘန်းယဉ်မြို့နယ် ရဲစခန်းသို့ အပ်နှံ ၍ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက ်ရှိကြောင်း သတင်း ရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.