Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၈,၆၃၆,၀၁၁ ဦးအထိ ရောက်ရှိလာ

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ ကျန်းမာရေးစင်တာတစ်ခုတွင် COVID-19 စစ်ဆေးမှုခံယူနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူအသစ် ၄၄,၂၈၁ ဦးရှိခဲ့ရာ နိုဝင်ဘာ ၁၁ ရက်အထိ စုစုပေါင်း ကူးစက်ခံရသူ ၈,၆၃၆,၀၁၁ ဦး ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက သေဆုံးသူ ၅၁၂ ဦးရှိခဲ့ရာ ကပ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၂၇,၅၇၁ ဦး ရှိခဲ့သည်ဟု ဝန်ကြီးဌာန အချက်အလက်များက ဆိုသည်။အိန္ဒိယနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 ဖြစ်ပွားနေသူ ၄၉၄,၆၅၇ ဦးရှိပြီး ဆေးကုသမှုခံယူပြီး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ ၈,၀၁၃,၇၈၃ ဦး ရှိကြောင်း သိရသည်။ယခုကိန်းဂဏန်းများသည် လများစွာအတွင်း COVID-19 ဖြစ်ပွားလျက်ရှိသူ ဦးရေ ၅၀၀,၀၀၀ အောက် ကျဆင်းသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး ဆေးကုသမှုခံယူ ပျောက်ကင်း၍ ဆေးရုံဆင်းသူဦးရေ ၈၀၀,၀၀၀ ကျော်လွန်သည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။

အိန္ဒိယနိုင်ငံ အစိုးရသည် နိုင်ငံတစ်ဝန်းတွင် COVID-19 ရောဂါစစ်ဆေးသည့်နေရာများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။အိန္ဒိယနိုင်ငံတစ်ဝန်းတွင် နိုဝင်ဘာ ၁၀ ရက်အထိ လူပေါင်း ၁၂၀,၇၆၉,၁၅၁ ဦးကို COVID-19 စစ်ဆေးခဲ့ပြီးဖြစ်ကာ နိုဝင်ဘာ ၁၀ ရက်တစ်နေ့တည်းတွင် ၁,၁၅၃,၂၉၄ ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယဆေးသုတေသနကောင်စီ (ICMR)မှ နိုဝင်ဘာ ၁၁ရက်တွင် ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

ယင်းသည် အိန္ဒိယနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လူဦးရေ သန်း ၁၂၀ အထိ COVID-19 စစ်ဆေးမှု ပြုလုပ်ပြီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြို့တော်နယူးဒေလီသည် တတိယလှိုင်းဟု သတ်မှတ်ခဲ့သော ပြီးခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း COVID-19 ကူးစက်ခံရသူ တိုးပွားလာခြင်းကို သက်သေပြလျက် ရှိသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က နယူးဒေလီမြို့တွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၄၀၀,၀၀၀ ဦး ကျော်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.