Connect with us

ASEAN

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်မှုအသစ် ၄၂၇ ဦး ရှိ

ထိုင်းနိုင်ငံ စမွတ်စခွန်းပြည်နယ်တွင် COVID-19 စစ်ဆေးရန် အမျိုးသမီးတစ်ဦးထံမှ နှာခေါင်းတို့ဖတ်ရယူနေစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၂ ရက်က COVID-19 ကူးစက်မှုအသစ် ဆက်လက်မြင့်တက်ခဲ့ပြီး ယမန်နေ့ကထက် ၄၂၇ ဦး တိုးမြင့်လာခဲ့ကြောင်း၊ ယင်းအနက် အများစုမှာ မြို့တော်ဘန်ကောက်အနီးရှိ ပြည်နယ်တစ်ခု၏ ပင်လယ်စာဈေးကွက်နှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။

အဆိုပါ ရောဂါကူးစက်မှုအသစ်များအနက် ၃၉၇ ဦးမှာ နောက်ဆုံး COVID-19 အများအပြား ပထမဆုံးဖြစ်ပွားခဲ့သော စမွတ်စခွန်းပြည်နယ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ဖြစ်သည်။အခြားသော ပြည်တွင်းကူးစက်မှု ၁၆ ခု သည် စမွတ်စခွန်းရှိ ပင်လယ်စာ ဈေးတစ်ခုနှင့်ဆက်စပ်နေပြီး ၁၄ ခုမှာ နိုင်ငံပြင်ပမှ ဝင်ရောက်ကူးစက်ခြင်းဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ ပြောခွင့်ရသူ Taweesin Visanuyothin က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောခဲ့သည်။

ထိုင်းနိုင်ငံ စမွတ်စခွန်းပြည်နယ်တွင် COVID-19 စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

စမွတ်စခွန်းပြည်နယ်သည် ပြည်ပရွှေ့ပြောင်းလုပ်သားအများအပြား နေထိုင်ရာဖြစ်ပြီး အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်ကာ ငါးဖမ်းလုပ်ငန်းခွင်တွင် လာရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်။ အဆိုပါ ပြည်နယ်ကို ည၁၀:၀၀ နာရီမှ နံနက် ၅:၀၀နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ကာ အသွားအလာပိတ်ဆို့ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်မှ ဇန်နဝါရီ ၃ ရက် အထိ လူချင်းခပ်ခွာခွာနေထိုင်မှုများနှင့် ခရီးသွားလာခွင့်ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ စမွတ်စခွန်းပြည်နယ်တွင် COVID-19 စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ စမွတ်စခွန်းပြည်နယ်တွင် COVID-19 စစ်ဆေးရန် အမျိုးသမီးတစ်ဦးထံမှ အာခေါင်တို့ဖတ်ရယူနေစဉ် (ဆင်ဟွာ)

လွန်ခဲ့သောသီတင်းပတ်က ပင်လယ်စာဈေးတွင် ပျံကျဈေးရောင်းချသူ အသက် ၆၇ နှစ်အရွယ် ထိုင်းအမျိုးသမီးကြီး တစ်ဦး၌ ရောဂါကူးစက်ခံရကြောင်း အတည်ပြုပြီးနောက် ကူးစက်မှုအသစ်များ မြင့်တက်လာခြင်းဖြစ်သည်။ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံရကြောင်း အတည်ပြုသူ စုစုပေါင်း ၅,၇၁၆ ဦး ရှိလာပြီး သေဆုံးသူ ၆၀ ဦး ရှိကြောင်း Taweesin က ပြောကြားခဲ့သည်။ (Xinhua)

——————————————
(English Version)

Thailand reports 427 new COVID-19 cases

BANGKOK, Dec. 22 (Xinhua) — New COVID-19 caseload continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of which linked to a seafood market in a province near the capital Bangkok.

Of the new cases, 397 were Myanmar migrant workers in Samut Sakhon province, where the latest COVID-19 outbreak was first detected.
There were also 16 other local infections in connection with the seafood market in Samut Sakhon and 14 imported cases, the Center for the COVID-19 Situation Administration spokesman Taweesin Visanuyothin said Tuesday.

Samut Sakhon is home to a large number of migrant workers, mostly coming from Myanmar and employed in the fishing industry. The province has been put under lockdown, with a curfew enforced between 10:00 p.m. and 5:00 a.m. as well as other social distancing and travel restrictions from Saturday until Jan. 3.
The new cases spike came after a 67-year-old Thai woman vendor at the seafood market was confirmed being infected last week.

The outbreak has brought the total number of confirmed cases to 5,716 in the country, with 60 fatalities, Taweesin said. Enditem
1- A health worker collects a swab from a woman for a COVID-19 test in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)

2- People wait to receive COVID-19 tests in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)

3- People wait to receive COVID-19 tests in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)

4- A health worker collects a swab from a woman for a COVID-19 test in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)

5- A health worker collects a swab from a person for a COVID-19 test in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)

6- A health worker collects a swab from a man for a COVID-19 test in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)

7- People wait to receive COVID-19 tests in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)

8- A health worker collects a swab from a man for a COVID-19 test in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)