Connect with us

Science & Technology

မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု အဆင့် ပြိုင်ပွဲ အား လာမည့် မတ်လတွင် ကျင်းပ ပြုလုပ်မည်

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု အဆင့် ပြိုင်ပွဲ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု အဆင့် ပြိုင်ပွဲ (Myanmar Skills Competition 2016) အား မတ်လ ၁၄ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြို့ရှိ ဗဟိုဆောက်လုပ်ရေး သင်တန်းကျောင်း (သုဝဏ္ဏ) ၌ နိုင်ငံတော် အဆင့်ဖြင့် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုပြိုင်ပွဲနှင့် ပတ်သက်၍ အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ယခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည့် 11th ASEAN Skills Competition သို့သွားရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုကဲ့သို့ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု အဆင့် ပြိုင်ပွဲအား ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ၊ ယခုပြိုင်ပွဲမှ ထူးချွန်သူ လူငယ် ပြိုင်ပွဲဝင်များကို အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲသို့ဆက်လက် စေလွှတ် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ယနေ့ဖေဖော်ဝါရီလ ၁၉ ရက်တွင် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု အဆင့် ပြိုင်ပွဲအား မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဌာန်းရေး အဖွဲ့(NSSA) မှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် အသက်မွေးဝမ်းကြောင်း အလိုက် ကျွမ်းကျင်မှု လုပ်ငန်း ၁၂ မျိုးဖြင့် ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ပြိုင်ပွဲအတွက် ခန့်မှန်း ကုန်ကျစရိတ်မှာ ကျပ်သိန်း ၁,၂၀၀ ခန့်ရှိမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အဆင့် ကျွမ်းကျင်မှု ပြိုင်ပွဲများတွင် သုံးကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၀ ကြိမ်မြောက် အာဆီယံ အဆင့် ပြိုင်ပွဲတွင် ကျွမ်းကျင်မှု ၆ မျိုး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကျွမ်းကျင်မှု ပြိုင်ပွဲမှ Medalion of Excellence ဆုတံဆိပ် တစ်ခု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117