Connect with us

Science & Technology

ဂုတ်ထိပ်တံတား သံလမ်း ပြေးယာဉ်များ အဆင့်မြှင့်တင်မှု ဧပြီလတွင် စတင်မည်

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဂုတ်ထိပ် တံတားအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဂုတ်ထိပ်တံတားတွင် ပြေးဆွဲနေသော သံလမ်းပြေး ယာဉ်များကို ဧပြီလတွင် အဆင့် မြှင့်တင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ တံတား အဆင့်မြှင့်တင် ထိန်းသိမ်းရေး အဖွဲ့ထံမှ သိရသည်။

ယင်း ဂုတ်ထိပ်တံတား သံလမ်းပြေး ယာဉ်များကို အဆင့်မြှင့်တင်ရန် ယခုလအတွင်း ပုဂ္ဂလိက ကုမ္ပဏီများကို တင်ဒါ ခေါ်ယူမည် ဖြစ်သည်။

အဆိုပါ ဂုတ်ထိပ် တံတားသို့ ပြည်တွင်းပြည်ပ ခရီးသွား လာရောက် လေ့လာမှုသည် နှစ်စဉ် များပြားလျက် ရှိပြီး ယင်းအတွက် ပြေးဆွဲပေးနေသော သံလမ်းပြေး ယာဉ်များကို အဆင့်မြှင့်တင်ရာတွင် သံလမ်းပြေးယာဉ် (RGC) နှင့် RBE အမျိုးအစားများကို အစားထိုးမည် ဖြစ်သည်။

လက်ရှိတွင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှု မရှိသေးသဖြင့် လေ့လာခွင့်များ ပေးထားပြီး ခရီးသည်ဦးရေ ၅ဝ ဆံ့သော သံလမ်းပြေး ယာဉ်များဖြင့် နေ့စဉ် ပြေးဆွဲပေးလျက် ရှိနေသည်။

ဂုတ်ထိပ် တံတားသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁ဝဝ ကျော်ရှိပြီ ဖြစ်ပြီး ယင်းတံတားကို ၁၈၉၉ ခုနှစ်က စတင် တည်ဆောက်ခဲ့ကာ ၁၉ဝဝ ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

အဆိုပါ ဂုတ်ထိပ် တံတား အရှည်သည် ပေ ၂,၂၆ဝ ရှိကာ တံတား အောက်ခြေမှ အမြင့်ပေ ၁,၁ဝဝ ရှိကာ ၎င်းတံတားသည် ပေ ၃ဝဝ ကျော် မတ်စောက်သော လျှိုနှစ်ဖက်အား ဖြတ်ကျော် ဖောက်လုပ်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.