Connect with us

Social

ရန်ကုန်မြို့ပတ်ရထားစီးနင်းသူဦးရေ ၄၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာ

ရထားဘူတာတစ်ခုတွင် ခရီးသည်များစောင့်ဆိုင်းနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ဒုတိယလှိုင်းတွင် ရန်ကုန်မြို့ပတ်ရထားစီးနင်းသူခရီးသည်ဦးရေ ၉၀ ဝန်းကျင်အထိ ကျဆင်းခဲ့ရာမှ ဒီဇင်ဘာလ တတိယပတ်လောက်မှ စ၍ စီးနင်းသူပြန်လည်တိုးတက်ခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့ပတ်ရထားစီးနင်းသူဦးရေ ၄၀၀၀ ဝန်းကျင်ရှိကြောင်း ရန်ကုန်ဘူတာ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ဆင်ဟွာသို့ ဇန်နဝါရီ ၂၂ ရက်တွင် ပြောသည်။

“ရန်ကုန်မြို့ပတ် ရထားသုံးစင်းကို တစ်နေ့ ၁၂ ခေါက်ပဲ ပြေးဆွဲနေပါတယ်။ ခရီးသည်စီးနင်းမှုနဲ့ COVID-19 ရောဂါအခြေအနေပေါ်မူတည်ပြီး ညွှန်ကြားချက် အတိုင်း တိုးချဲ့ ပြေးဆွဲဖို့ရှိပါတယ်။’’ ဟု ဦးသောင်းထိုက်က ပြောသည်။

ရုံးပိတ်ရက်များတွင် မြို့ပတ်ရထားစီးနင်းသူဦးရေ ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။ လက်ရှိ မြို့ပတ်ရထားစီးနင်းသူများသည် ရုံးသမားများဖြစ်သောကြောင့် ရုံးချိန် နောက်ကျမှုမရှိစေရန် မြို့ပတ်ရထားများအား ပြေးဆွဲပေးလျက်ရှိကြောင်း ဆိုသည်။

မြို့ပတ်ရထားစီးနင်းသူများသည် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရမည်ဖြစ်ပြီး နှာခေါင်းစည်းမတပ်ဆင်ပါက စီးနင်းခွင့်မပြုကြောင်းဆိုသည်။

ယခင်က မြို့ပတ်ရထားစီးနင်းသူ တစ်ရက်လျှင် ၁၈,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ COVID-19 ရောဂါအခြေအနေကြောင့် Stay at Home များ လုပ်ထားသည့်အချိန် ရာဂဏန်းအောက်လျော့ကျခဲ့ပြီး ယခု ၄၀၀၀ ဝန်းကျင်အထိ ရထားစီးနင်းသူ ပြန်လည်များလာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117