WORLD
ဒိုမီနီကာနိုင်ငံက တရုတ်နိုင်ငံမှလှူဒါန်းသော COVID-19 ကာကွယ်ဆေးများလက်ခံရရှိ
မက္ကစီကိုစီးတီး၊ မတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများအား ဒိုမီနီကာနိုင်ငံမှလွှဲပြောင်းရယူခြင်း အခမ်းအနားကို ဒိုမီနီကာနိုင်ငံ၏ မြို့တော် Roseau ၌ မတ်လ ၄ ရက်တွင် ကျင်းပခဲ့ကြောင်း၊ ကာကွယ်ဆေးများသည် မတ်လ ၃ ရက်နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။
တရုတ်နိုင်ငံနှင့် ဒိုမီနီကာနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးအား လွန်ခဲ့သည့် ၁၇ နှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံမှာ အစဉ်အမြဲ မိတ်ဆွေစစ်များအဖြစ်ရပ်တည်ခဲ့ကြောင်း၊ ယနေ့တွင် အဖိုးတန်လက်ဆောင်များအား တရုတ်နိုင်ငံမှ ရရှိခဲ့သောကြောင့် တရုတ်နိုင်ငံသည် ဒိုမီနီကာနိုင်ငံ၏ မှန်ကန်၍ ယုံကြည်အားကိုးရသည့် မိတ်ဆွေနိုင်ငံအဖြစ် ထပ်မံအတည်ပြုနိုင်ခဲ့ကြေင်း ဒိုမီနီကာနိုင်ငံ ဝန်ကြီးချုပ် Roosevelt Skerrit က အဆိုပါအခမ်းအနားတွင်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးများအား ဖွံ့ဖြိုးဆဲနိုင်ငံများ လက်လှမ်းမီရရှိနိုင်သော ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်ရာ၌ တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ်တွင်လည်း ၎င်းကချီးကျူးပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ကာကွယ်ဆေးနည်းပညာမှာ ပြည့်စုံ၍ တည်ငြိမ်မှုရှိကြောင်း၊ ထို့ပြင် လုံခြုံစိတ်ချရမှုနှင့် အကျိုးအာနိသင်ရှိမှုအား ကျယ်ပြန့်စွာအတည်ပြုခဲ့ပြီးဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(English Version)
Dominica receives China-donated COVID-19 vaccines
MEXICO CITY, March 4 (Xinhua) — A handover ceremony for the Sinopharm COVID-19 vaccines donated by China to Dominica was held in Dominica’s capital Roseau on Thursday, after the vaccines arrived in theCaribbean country late Wednesday, according to reports reaching here.
Since Dominica and China established diplomatic relations 17 years ago, the two countries have always been true friends, Dominican Prime Minister Roosevelt Skerrit said during the ceremony, adding that today, the precious gifts from Chinese friends once again confirm that China is a reliable and sincere partner of Dominica.
He praised China’s contributions to making Chinese COVID-19 vaccines a global public good accessible and affordable to developing countries.
China’s vaccine technology is mature and stable, and its safety and effectiveness have been widely confirmed, he added.
Charge d’Affaires of the Chinese Embassy in Dominica Luo Songtao said that facing the challenges posed by the COVID-19 pandemic, the Chinese government has always upheld the vision of a community with a shared
future for mankind, and has been dedicated to making vaccines accessible and affordable to developing countries.
China and Dominica have always been supporting each other to overcome difficulties together in the fight against the pandemic, Luo said, adding that China will continue to provide assistance within its
capacity for Dominica. Enditem
Photo– Dominican Prime Minister Roosevelt Skerrit (L) and Charge d’ Affaires of the Chinese Embassy in Dominica Luo Songtao show the handover certificates of China’s Sinopharm COVID-19 vaccines in Roseau, Dominica, March 4, 2021. A handover ceremony for the Sinopharm COVID-19 vaccines donated by China to Dominica was held in Dominica’s capital Roseau on Thursday, after the vaccines arrived in the Caribbean country late Wednesday, according to reports reaching here. (Chinese Embassy in Dominica/Handout via Xinhua)