Connect with us

CHINA

တရုတ်နိုင်ငံက နိုင်ငံခြားသားသတင်းထောက်များကို COVID-19 ကာကွယ်ဆေး ထိုးနှံပေး

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ Sinovac Biotech ဇီဝဆေးဝါးကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးက COVID-19 inactivated ကာကွယ်ဆေးကို ပြသနေစဉ် (ဆင်ဟွာ)

 

တိုကျို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် အခြားသောနိုင်ငံများမှ နိုင်ငံခြားသားသတင်းထောက်များကို COVID-19 ကာကွယ်ဆေးထိုးနှံမှုအတွက် မတ် ၂၃ ရက်က ပံ့ပိုးပေးခဲ့ကြောင်း Kyodo News သတင်းဌာနက မတ် ၂၄ ရက်က သတင်းဖော်ပြခဲ့သည်။

အသက် ၁၈ နှစ်နှင့် ၅၉ နှစ်ကြား နိုင်ငံခြားသားသတင်းထောက်များနှင့် ၎င်းတို့၏ မိသားစုဝင်များစွာသည် ပေကျင်းမြို့တော်၌ ယွမ် ၉၀ (အမေရိကန်ဒေါ်လာ ၁၃.၈) ရှိသော Sinovac ကာကွယ်ဆေးကို ထိုးနှံခဲ့ကြောင်း၊ ဒုတိယအကြိမ် ထိုးနှံမှုကို ဧပြီလတွင် ခံယူမည်ဖြစ်ကြောင်း သတင်းက ဆိုသည်။

ကာကွယ်ဆေးထိုးနှံမှုမခံယူမီ သတင်းထောက်များသည် “မည်သည့်ကာကွယ်ဆေးကမှ ၁၀၀ ရာခိုင်နှုန်း ထိရောက်နိုင်မည်မဟုတ်ကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေသည် တစ်ဦးနှင့်တစ်ဦး ကွာခြားမှုရှိသည့်အတွက် လူအချို့၌ ရောဂါကူးစက်နိုင်ဆဲဖြစ်ကြောင်း သို့မဟုတ် ကာကွယ်ဆေးထိုးနှံပြီးနောက် ရောဂါလက္ခဏာပေါ်လာနိုင်ကြောင်း” ကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားသော စာရွက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းကဖော်ပြထားသည်။

အလုပ်နှင့် ဘဝ အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် ပေကျင်းမြို့ရှိ နိုင်ငံခြားသားသတင်းထောက်များအား ကာကွယ်ဆေးထိုးနှံပေးရန် တရုတ်နိုင်ငံက ဆုံးဖြတ်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ဆေးထိုးပြီးနောက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုအပ်ချက်များအားလုံးကို ဆက်လက်လိုက်နာသွားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ကာကွယ်ဆေးထိုးနှံပြီးနောက် ၎င်းတို့သည် စောင့်ကြည့်ရာနေရာ၌ မိနစ် ၃၀ ကြာ နေထိုင်ရန် လိုအပ်ကြောင်း သတင်းက ဆိုသည်။

ထိုသို့ဆောင်ရွက်ချက်သည် တရုတ်နိုင်ငံရှိ လူမျိုးပေါင်းစုံနေထိုင်ရာမြို့တစ်မြို့ဖြစ်သော ရှန်ဟိုင်းက နိုင်ငံခြားသားများအတွက် COVID-19 ကာကွယ်ဆေးထိုးနှံပေးရန် ကြေညာခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

သတ်မှတ်ချက်နှင့်ကိုက်ညီသော နိုင်ငံခြားသားများအနေဖြင့် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများကို ထိုးနှံနိုင်ကြောင်း ပေကျင်းမြို့တော် အာဏာပိုင်များက မတ် ၂၃ ရက် ညပိုင်းက ကြေညာခဲ့သည်။ (Xinhua)
————————————
(English Version)
China provides COVID-19 vaccine to foreign journalists: Japanese media
Source: Xinhua| 2021-03-26 00:05:15|Editor: huaxia
TOKYO, March 25 (Xinhua) — China provided COVID-19 vaccinations to foreign journalists from Japan and other nations on Tuesday, Japan’s Kyodo News reported on Wednesday.
According to the report, many foreign journalists and their family members, aged between 18 and 59, received the Sinovac vaccine, which costs 90 yuan (13.8 U.S. dollars), in the Chinese capital of Beijing. They will get the second dose in April.
The report said that before being inoculated, the journalists signed a document saying in English, “No vaccine is 100% effective, and as personal health conditions vary from people to people, some may still be infected or develop symptoms after vaccination.”
Another document said, “In order to facilitate the work and life,” China decided to offer vaccinations to foreign journalists in Beijing, adding, “Recipients will still need to comply with all the prevention and control requirements after vaccination.”
After inoculation, they were required to stay in an observation area for 30 minutes, said the report.
The move came just after Shanghai, another cosmopolitan city in China, announced a COVID-19 vaccine inoculation plan for foreigners.
The municipal authorities announced on Tuesday night that foreigners who meet the requirement will be eligible to take domestic made COVID-19 vaccines. ■
A staff member of Sinovac Biotech, a Chinese biopharmaceutical company, displays two doses of COVID-19 inactivated vaccine in prefilled syringes in Beijing, capital of China, Dec. 23, 2020. (Xinhua/Zhang Yuwei)