Connect with us

CHINA

COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံကို ကူညီရန်ဆန္ဒရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

အိန္ဒိယနိုင်ငံ၌ COVID-19 လူနာတစ်ဦးအား ဆေးရုံသို့ သယ်ဆောင်လာစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)တရုတ်နိုင်ငံအ

နေဖြင့် အိန္ဒိယနိုင်ငံ၏ COVID-19 ရောဂါ လှိုင်းအသစ်တိုက်ဖျက်ရေးတွင် ဖြစ်နိုင်သမျှ အစောဆုံးအချိန်ကတည်းက ကူညီရန် အသင့်ရှိကြောင်းကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကြောင်း နှင့် နှစ်ဖက်စလုံးအနေဖြင့် ယင်းကိစ္စရပ်အပေါ် ချိတ်ဆက်မှုကို ထိန်းသိမ်းထားခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“ အကယ်၍ အိန္ဒိယနိုင်ငံဘက်က တိတိကျကျ တောင်းခံလာမယ်ဆိုရင်တော့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့လုပ်နိုင်စွမ်းထဲက အကူအညီနဲ့အထောက်အပံ့တွေကို စီမံဆောင်ရွက်ပေးသွားမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin ကဆိုသည်။(Xinhua)

————————————————-
(English Version)
China willing to help India fight COVID-19: spokesperson

BEIJING, April 26 (Xinhua) — China has expressed its readiness to help India fight the new wave of COVID-19 outbreak at the earliest time possible and the two sides are maintaining communication on the matter, a Chinese Foreign Ministry spokesperson said Monday.
“If the Indian side makes specific requests, China will provide support and assistance within its capacity,” spokesperson Wang Wenbin told a press briefing. Enditem