Connect with us

CHINA

တရုတ်နိုင်ငံ မှ COVID-19 ရောဂါကာကွယ်ဆေးများ ဆားဘီးယား နိုင်ငံသို့ ထပ်မံရောက်ရှိ

ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က တရုတ်နိုင်ငံ Sinopharm COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူနေစဉ်(ဆင်ဟွာ)

ဘီဂရိတ် ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ မှ ဝယ်ယူသော တရုတ်နိုင်ငံ Sinopharm COVID-19 ရောဂါ ကာကွယ်ဆေး အသစ်တသုတ်သည် ဧပြီ ၂၆ ရက်၌ ဆားဘီးယားနိုင်ငံမြို့တော် ဘဲလ်ဂရိတ် သို့ရောက်ရှိခဲ့ရာ ဆားဘီးယားနိုင်ငံ ဝန်ကြီးချုပ် Ana Brnabic နှင့် ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချိန်ပေါ တို့က လေဆိပ်သို့သွားရောက်ကြိုဆိုခဲ့ကြသည်။

ဆားဘီးယားနိုင်ငံ ဝန်ကြီးချုပ် Ana Brnabic က လေဆိပ်၌ မိန့်ခွန်းပြောကြားရာတွင် ယခုအသုတ်ရောက်ရှိလာသော တရုတ်နိုင်ငံမှ COVID-19 ရောဂါကာကွယ်ဆးများသည် ဆားဘီးယား နိုင်ငံတွင် အတိုင်းအတာကြီးမားစွာ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းကို ပိုမိုမြန်ဆန်စေမည် ဖြစ်ပြီး ဆားဘီးယားနိုင်ငံတွင် ဧပြီလကုန်ပိုင်းအချိန်၌ တစ်နိုင်ငံလုံးအတိုင်းအတာ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသူ ၃၇ ရာခိုင်နှုန်းရောက်ရှိစေမည့် ရည်းမှန်းချက်ကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Ana Brnabic က လက်ရှိချိန်၌ ဆားဘီးယားနိုင်ငံတွင် လူပေါင်း ၁.၉၅ သန်းခန့်က COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ကြပြီး အရွယ်ရောက်ပြီးသူ ၃၄ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်ကြောင်း ၊ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူများအနက် အများစုက Sinopharm COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူရန် ရွေးချယ်ခဲ့ကြကြောင်း ၊ စာရင်းပြုစုချက်များအရ Sinopharm COVID-19 ကာကွယ်ဆေးသည် အရည်အသွေးကောင်းမွန်ပြီး ရောဂါပိုး ကူးစက်မှုမှ ထိရောက်စွာကာကွယ်ပေးနိုင်ကြောင်း ၊ လတ်တလောကာလအတွင်း ဆားဘီးယားနိုင်ငံတွင် ကပ်ရောဂါအခြေအနေမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး Sinopharm COVID-19 ရောဂါကာကွယ်ဆေးက အရေးပါသည့် အခန်းကဏ္ဍတွင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချိန်ပေါ က ကာကွယ်ဆေးသည် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် လွန်စွာအရေးပါပြီး တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးက ဆားဘီးယားနိုင်ငံတွင် အတိုင်းအတာကြီးမားစွာ ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအတွက်အထောက်အကူဖြစ်စေခဲ့သည့် အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။
လက်ရှိချိန်ထိ ဆားဘီးယားနိုင်ငံက တရုတ်နိုင်ငံမှ Sinopharm COVID-19 ကာကွယ်ဆေး ၅ ကြိမ် လက်ခံရရှိခဲ့ပြီး ယခင် ၄ ကြိမ်က ယခုနှစ် ဇန်နဝါရီလ မှ ဧပြီ လအတွင်း ဆက်တိုက်ရောက်ရှိခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)
————————————————-
(Chinese Version)

(国际疫情)新一批中国新冠疫苗运抵塞尔维亚

  新华社贝尔格莱德4月26日电(记者石中玉)塞尔维亚采购的新一批国药集团中国生物新冠灭活疫苗26日运抵塞尔维亚首都贝尔格莱德。塞总理布尔纳比奇和中国驻塞尔维亚大使陈波前往机场迎接。
  布尔纳比奇在机场表示,这批中国疫苗将进一步加快塞尔维亚大规模接种进程,助力塞尔维亚在4月底完成全国接种率37%的目标。
  她说,截至目前,塞尔维亚大约195万人至少接种一剂新冠疫苗,成年人接种率为34%。已接种的人中,大部分人选择了国药疫苗。
  布尔纳比奇说,从所有数据都可以看出,国药疫苗表现出色,可以有效预防新冠病毒感染。她说,近期塞尔维亚疫情形势得到缓解,国药疫苗发挥了重要作用。
  陈波说,疫苗是抗疫的重要手段,很高兴中国疫苗能为塞大规模疫苗接种工作提供帮助。
  截至目前,塞尔维亚共收到5批国药新冠疫苗。前4批于今年1月至4月陆续送达。(完)

Photo
2021年4月6日,塞尔维亚总统武契奇在该国东部马伊丹佩克市鲁德纳格拉瓦村卫生防疫站接种第一剂中国国药集团灭活疫苗。新华社记者 石中玉 摄