Connect with us

Local

ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအား (က) အဆင့်လိုင်စင် ၇ ခုနှင့် (ခ) အဆင့် ကုမ္ပဏီ ၆ ခုအား ရောင်းချခွင့်ပြုထား

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်း နှင့် Ava Kahyasi Investments Pte., Ltd. ၊ SAME Sky Construction Co., Ltd. နှင့် Guiding Star Group Co., Ltd. တို့ လက်မှတ်ရေးထိုးပွဲ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပြည်တွင်း ရေနံ ဓာတ်ငွေ့ရည် လိုအပ်ချက် မြင့်မားလာခြင်း တို့ကို ဖြည့်ဆည်းရန် ရေနံဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို လက်ရှိအချိန်ထိ (က) အဆင့်လိုင်စင် ထုတ်ပေးထားသည့် တိုင်းရင်းသားပိုင် ပုဂ္ဂလိက ကုမ္ပဏီ ၇ ခု ၊ (ခ) အဆင့် ကုမ္ပဏီ ၆ ခုအား ဖြန့်ဖြူး ရောင်းချခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ပြည်တွင်းဈေးကွက်သို့ သိုလှောင်မှု၊ ဖြန့်ဖြူးမှု လုပ်ငန်းများအား ကျေးလက်ဒေသများ အထိ ထိရောက်စွာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးဆောင်ရွက် ပေးနိုင်ရန်နှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာ ဂေဟစနစ် ထိန်းသိမ်းရေးကို အထောက်အကူ ဖြစ်စေရန် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်း နှင့် စင်ကာပူ နိုင်ငံတွင် မှတ်ပုံတင် ထားသည့် Ava Kahyasi Investments Pte., Ltd. ၊ တိုင်းရင်းသားပိုင် SAME Sky Construction Co., Ltd. နှင့် Guiding Star Group Co., Ltd. တို့သည် ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပြီး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ပြည်တွင်းဈေးကွက်တွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရန် ရည်ရွယ်ပြီး ၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ရေနံ ဓာတ်ငွေ့ရည်အား ထင်းအစားထိုး မီးဖိုချောင်သုံး လောင်စာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ စွမ်းအင်ဝန်ကြီးဌာန ၊ မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းသည် ရေနံဓာတ်ငွေ့ရည် ၃ ရုံမှ ပြည်တွင်း အသုံးပြုရန် ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117