Connect with us

Asia

အိန္ဒိယပညာရှင် Ambedkar အား မာတင်လူသာကင်း နှင့် မိုဒီ ခိုင်းနှိုင်းပြောဆို

၆၇ နှစ်မြောက် အိန္ဒိယ Republic Day အခမ်းအနားတွင် Ambedkar ပုံတူရုပ်တုအား နိုင်ငံတွင်း လှည့်လည် ပြသနေစဉ် (ဓာတ်ပုံ- အင်တာနက် )

နယူးဒေလီ ၊ မတ် ၂၁ ရက် ( ဆင်ဟွာ )

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒါမိုဒီ က နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ Ambedkar အား ကမ္ဘာ့လူ့အခွင့်အရေး ခေါင်းဆောင်ကြီးများဖြစ်သော မာတင်လူသာကင်း နှင့် နယ်လ်ဆင်မင်ဒဲလား တို့နှစ်ဦးဖြင့် ထပ်တူပြု ခိုင်းနှိုင်းပြောဆိုလိုက်သည်။

မြို့တော် နယူးဒေလီတွင် ကျင်းပသည့် Ambedkar အောင့်မေ့ဖွယ် အခမ်းအနားတွင် ဝန်ကြီးချုပ်မိုဒီက Baba Saheb ဟုလူသိများကြသည့် Ambedkar သည် ဇာတ်နိုမ့်ဇာတ်မြင့်ခွဲခြားမှု တိုက်ဖျက်ရေးတွင် နိုင်ငံအတွင်းရှိ အဖိနှိပ်ခံပြည်သူများဖက်မှ ရပ်တည်ပေးခဲ့သူတစ်ဦးဖြစ်သည်ဟု ဂုဏ်ပြု ပြောဆိုခဲ့သည်။ “ တခါတလေမှာ Baba Saheb အပေါ် ကျွနိုပ်တို့ဟာ မတရားမှုတွေ ကျူးလွန်မိနေတယ်။ သူ့ကို ဘုရားသခင်ရဲ ့တမန်တော်လို့ခေါ်ဖို့တောင် နိုင်ငံတွင်းက ဇာတ်မြင့်လူတန်းစားတစ်ရပ်ကြောင့် ပိတ်ပင်ထားသလိုမျိုးဖြစ်နေတယ်။ ဒါကြောင့် သူ့အပေါ် ကန့်သတ်မှုတွေ မထားဘဲ နေကြပါစို့။ ဘာကြောင့်လဲ ဆိုတော့ သူဟာ ဘယ်မတရားမှုကို မဆိုအသံကို မြှင့်ပြီး တိုက်ပွဲဝင်ခဲ့သူ တစ်ဦးဖြစ်နေလို့ပါပဲ ” ဟု မိုဒီက ဆိုသည်။

ကမ္ဘာကြီးက မာတင်လူသာကင်း အပေါ် ရှု့မြင်သကဲ့သို့ Baba Saheb အပေါ်လည်းရှု့မြင်သင့် ကြောင်း နှင့် ၎င်းသည် အဖိနှိပ်ခံတို့၏ အသံ ၊ လူ့တန်ဖိုးအတွက် ရှေ့ဆောင်ဦးရွက်ပြုသူ တစ်ဦးဖြစ်ကြောင်း မိုဒီက ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် Ambedkar ၏ ကမ ္ဘာကြီးနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်မှုသည် စက်မှုလုပ်ငန်းကြီးတစ်ခု လည်ပတ်နိုင်အောင် စွမ်းဆောင်ပေးခဲ့သလိုမျိုးထိ ဥပမာပြုပြောဆိုခဲ့သည်။ သူသည် အဖိနှိပ်ခံ မြေယာမဲ့ ဇာတ်နိုမ့် ပြည်သူများဖက်မှ ရပ်တည်ပေးခဲ့ပြီး ထိုအရာကပင် ကမ ္ဘာကြီးအတွက် သူ၏ ကြိုးပမ်းအား ထုတ်မှုဖြစ်ခဲ့သည်။

Ambedkar သည် အိန္ဒိယနိုင်ငံ၏ ဥပဒေပညာရှင် ၊ စီးပွားရေးပညာရှင် ၊ နိုင်ငံရေးသမား နှင့် လူမှုအဖွဲ့အစည်း ပြုပြင်ပြောင်းလဲ သူ တစ်ဦးဟု ဆိုနိုင်သလို နိုင်ငံတွင်း ဇာတ်နိုမ့်ဇာတ်မြင့်ခွဲခြားမှုတိုက်ဖျက်ရေး ၏ ခေါင်းဆောင်တစ်ဦးဟုလည်းဆို နိုင်သည်။ ထို့ပြင် ၎င်းသည် အမျိုးသမီးနှင့်အလုပ်သမား အခွင့်အရေးတွက် ထောက်ခံ အားပေးခဲ့သူ တစ်ဦးလည်းဖြစ်ခဲ့သလို အိန္ဒိယနိုင်ငံ၏ ပထမဆုံး တရားရေးဝန်ကြီး နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးတွင် ဦးဆောင်ဦးရွက် ပြုခဲ့သူတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ၁၉၅၆ ခုနှစ်တွင် ကွယ်လွန်ခဲ့ကြောင်းသိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.