Connect with us

Asia

အင်ဒိုနီးရှား စစ်ရဟတ်ယာဉ်ပျက်ကျမှုတွင် သေဆုံးသူ ၁၃ ဦးထိရှိလာ

ဆူလာဝေဆီကျွန်းပေါ်တွင် ပျက်ကျသွားသော 412EP အမျိုးအစား အင်ဒိုနီးရှား စစ်ရဟတ်ယာဉ်ပုံ။( ဓါတ်ပုံ-ဆင်ဟွာ )

ဂျကာတာ ၊ မတ် ၂၁ ( ဆင်ဟွာ )

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ကျွန်းပေါ်၌ ဖြစ်ပွားခဲ့သော စစ်ဖက်ရဟတ်ယာဉ်ပျက်ကျမှုတွင် သေဆုံးသူဦးရေ စုစုပေါင်း ၁၃ ဦးရှိ ထိလာပြီး ၊ ယင်းသို့ပျက်ကျရသည့်အကြောင်းအရာကို သိရှိနိုင်ရန် ပျံသန်းမှုမှတ်တမ်းကိရိယာ ( black box ) ကို ဆက်လက်ရှာဖွေနေကြောင်း စစ်ဖက်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

“ ရဟတ်ယာဉ် အပျက်အစီးပိုင်းထဲက လူသေအလောင်း တစ်လောင်းကို ဒီနေ့( မတ် ၂၁ ရက်နေ့) မှာ ဆွဲထုတ်လို့ရခဲ့တယ်။ အခုဆို သေဆုံးသူ ဦးရေက ၁၃ ဦးထိ ရှိသွားပြီ” ဟု အင်ဒိုနီးရှား စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Berlin G က ဆင်ဟွာသတင်းဌာနသို့တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။

412EP အမျိုးအစား အင်ဒိုနီးရှားစစ်ဖက်ရဟတ်ယာဉ် သည် ပုံမှန်လုပ်ရိုးလုပ်စဉ် ကင်းလှည့်ပျံသန်နေစဉ်အတွင်း မတ် ၂၀ ရက်နေ့၊ အင်ဒိုနီးရှားဒေသစံတော်ချိန် ညနေ ၅နာရီ ၅၅ မိနစ်ခန့်က ဆူလာဝေဆီကျွန်းပေါ်ရှိ Kasiguncu ကျေးရွာပေါ်သို့ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆူလာဝေဆီဒေသ တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး Sutia က ဆိုသည်။

ရဟတ်ယာဉ်ပျက်ပုံအတွင်း ရှာဖွေတွေ့ရှိခဲ့သော အလောင်း ၁၂ လောင်းတွင် အများစုမှာ စစ်တပ် အဆင့်မြင့် အရာရှိများဖြစ်သည်ဟု ဗိုလ်မှူးကြီး Berlin ကပြောဆိုသည်။

ယခုအခါ ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းအရာကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးသူများကို စေလွှတ်ထားပြီးဖြစ်ကြောင်း နှင့် ပျံသန်းမှုမှတ်တမ်းကိရိယာ ( black box ) ကိုရှာဖွေတွေ့ရှိရန် အပူတပြင်း ကြိုးပမ်းနေကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆက်လက်ပြောကြားသည်။

အဆိုပါ စစ်ဖက်ရဟတ်ယာဉ်ပျက်ကျသွားသည့် နေရာသည် အင်ဒိုနီးရှားနိုင်ငံ၏ အလိုချင်ဆုံး အကြမ်းဖက် ခေါင်းဆောင် Santoso ခိုအောင်းနေသော နေရာအနီးတစ်ဝိုက်ဖြစ်ပြီး အင်ဒိုနီးရှားစစ်တပ်က အကြမ်းဖက်သမား စစ်ဆင်ရေးပြုလုပ်စဉ် ယခုကဲ့သို့ရဟတ်ယာဉ် မတော်တဆ ပျက်ကျခဲ့ရခြင်းဖြစ်သည်ဟု ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.