Culture & Entertainment
၁၃ ကြိမ်မြောက် ရခိုင်ရိုးရာ ယဉ်ကျေးမှု သြင်္ကန်ပွဲတော်အား ရခိုင်ရိုးရာ ယဉ်ကျေးမှု ယိမ်းအက ၊ တေးဂီတ ဖျော်ဖြေ တင်ဆက်မှုများနှင့် အတူ ကျင်းပ ပြုလုပ်သွားမည်
ရန်ကုန် ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
၁၃ ကြိမ်မြောက် ရခိုင်ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်အား ရခိုင်ရိုးရာ ယဉ်ကျေးမှု ယိမ်းအကများ ၊ ရခိုင် တေးဂီတ ဖျော်ဖြေမှုများနှင့် အတူ ဧပြီလ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျင်းပရေး ဗဟိုကော်မတီမှ သိရသည်။
ရခိုင်ရိုးရာ ယဉ်ကျေးမှု သြင်္ကန်ပွဲတော်တွင် နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပါယ်ပွဲကို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ဗဟန်းမြို့နယ်ရှိ ရခိုင်ဓမ္မာရုံ၌ ပြုလုပ်သွားမည် ဖြစ်ပြီး ဧပြီ ၁၃ ရက် သြင်္ကန်အကျနေ့မှ ၁၆ ရက်နေ့အထိ သြင်္ကန်ရေလောင်းပွဲအား သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် ၊ ၁၃ ကြိမ်မြောက် ရခိုင်ရိုးရာ ယဉ်ကျေးမှု သြင်္ကန်ပွဲတော်အား ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်) နှင့် မြို့နယ် အသင်းများ ၊ ရခိုင်လူမှုရေး အသင်းအဖွဲ့အစည်းများ စုပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)