Connect with us

Culture & Entertainment

Myanmar Idol Winner အဖြစ် စောလားထော်ဝါး ရရှိခဲ့

Myanmar Idol Winner စောလားထော်ဝါးမှ ဆုလက်ခံရယူစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ဧပြီ၁၀ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပခွင့်ရခဲ့တဲ့ Myanmar Idol ရွေးချယ် ပွဲကြီးပြိုင်ပွဲဝင် ၁၁ ဦး (Top 11) မှ Myanmar Idol ရဲ့ Theme Song ဖြစ်တဲ့ ရဲလေး ရေးသားထားတဲ့ ”ပျော်ပါစေ” သီချင်း အား သီဆိုဖျော်ဖြေ ခဲ့အပြီးမှာ Myanmar Idol Winner စောလားထော်ဝါး ရရှိခဲ့ ကြောင်း ကြေညာခဲ့သည်။

ဆုရရှိခဲ့သူအား မြန်မာတစ်နိုင်ငံလုံးမှ မဲပေးစနစ်နဲ့ ရွေးချယ် ခဲ့ကြခြင်း ဖြစ်သည်။ အပတ်စဉ် Voting မဲပေးစနစ်နှင့် မဲအနည်းဆုံး ပြိုင်ပွဲဝင်တစ်ဦးကို အိမ်ပြန်စေပြီး မဲများပြီး Save ဖြစ်သည့် ပြိုင်ပွဲဝင် တွေ ဆက်လက်သီဆို ယှဉ်ပြိုင်ခဲ့ရာ ဧပြီလ ၈ ရက်နေ့မှာ ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်သုံးဦး(Top 3) နဲ့ နောက်ဆုံး ဆန်ခါတင် (Grand Final) ပွဲကြီးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်သုံးဦးမှ ပထမဦးဆုံးအပိုင်းတွင် မိမိစိတ်ကြိုက်အဖြစ်ဆုံး တေးသီချင်းနဲ့ သီဆိုယှဉ်ပြိုင်ရပြီး ဒုတိယပိုင်းအနေနဲ့ Idol သီချင်း အသစ်ဒိုင် အဖြစ် ဆောင်ရွက်သူ ရဲလေး ရေးစပ်သီကုံးထားတဲ့ ‘မင်းသိနိုင်မလား’ အမည်ရတဲ့ တေးသီချင်းအသစ်ကို Version မတူတဲ့ ပုံစံတစ်မျိုးစီ တစ်လှည့်စီ သီဆိုယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။

ဆုရရှိ ခဲ့သည့် စောလားထော်ဝါးက ”ပထမဦးဆုံး ကျွန်တော်အလွန်ယုံကြည်ကိုးစားခဲ့ ရတဲ့ ထာဝရဘုရားသခင်ကို ကျေးဇူး တင်ပါတယ်။ Winner ဖြစ်အောင် ကျွန်တော့်ကိုချစ်ခင်တဲ့၊ အားပေးတဲ့ ပရိသတ်တွေအားလုံး၊ မြန်မာ တစ်နိုင်ငံလုံးမှာရော နိုင်ငံခြားမှာရှိတဲ့ ပရိသတ်တွေအားလုံးကိုပါ အထူးပဲ ကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ် ဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ ဒေါ်နန်းမောက်လောင်ဆိုင်၊ ကိုစိုင်းနဲ့ ကိုအယ်ဒီရယ် အားလုံးပေါ့နော်။ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေကို လည်း အထူးပဲ ကျေးဇူးတင်ပါတယ် ဟု” ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.