Social, Education & Health
လိင်တူဆက်ဆံသည်ဟု သံသယရှိသည့် ပင်ဂွင်းငှက် နှစ်ကောင်အား ဘာလင် တိရစ္ဆာန်ရုံမှ နေရာရွှေ့ပြောင်း
ပေကျင်း ၊ ဧပြီ ၁၉ ရက် ( ဆင်ဟွာ )
ပင်ဂွင်ငှက်ဖို နှစ်ကောင်အား သူတို့ကိုယ်သူတို့အပြန်အလှန်ယုံကြည်စိတ်ချနိုင်စေရန် ရည်ရွယ်ပြီး တစ်ကောင် နှင့် တစ်ကောင် မျက်စိဖြင့် သာ မြင်နိုင်သည့် နေရာသို့ရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
Stan နှင့် Olli ဟု အမည်ပေးထားသည့် ပင်ဂွင်းငှက်ဖို နှစ်ကောင်အား သားဖောက်ရာတွင် ၎င်းတို့၏မျိုးစိတ် ရှင်သန်ခွင့် ပိုမိုခိုင်မာစေရန် ရည်ရွယ်ပြီး ဘာလင်တိရစ္ဆာန်ရုံမှ ရွှေ့ပြောင်းလိုက်ပြီးဖြစ်သည်ဟု DPA သတင်းဌာနက ဆိုသည်။ သို့သော် သူတို့နှစ်ကောင်သည် အတူတူ ရှိနေမည် မဟုတ်ကြောင်း သိရသည်။
“ သူတို့လိင်တူ ဆက်ဆံသလားဆိုတာ ကျနော်တို့မသိနိုင်ဘူး” ဟု ဘာလင်တိရစ္ဆာန် ရုံပြောရေးဆိုခွင့် ရှိသူ Christiane Reiss က ဆိုသည်။ အဆိုပါ ပင်ဂွင်းငှက်ဖို နှစ်ကောင်သည် တစ်ကောင် နှင့် တစ်ကောင် အကြည်ဆိုက်နေကြပြီး ပင်ဂွင်းငှက်မများ ကို လုံးဝ စိတ်ဝင်စားခြင်းမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
အဆိုပါ ငှက်ဖို နှစ်ကောင်အား တစ်ကောင်ချင်းစီအလိုက် သားဖောက်ရာတွင်အသုံးပြု၍ မရနိုင်ကြောင်း သိရှိခဲ့သည့်အချိန်မှစတင်ကာ Hamburg တိရစ္ဆာန်ရုံသို့ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့သည်ဟု ဘာလင်တိရစ္ဆာန်ရုံ တာဝန်ရှိသူများက ဆိုသည်။ Hamburg တိရစ္ဆာန်ရုံတွင် Juan နှင့် Carlos ဟု အမည်ပေးထားသည့် အခြားလိင်တူဆက်ဆံသည့် ပင်ဂွင်းငှက်ဖို နှစ်ကောင်လည်း အတူတကွ ရောက်ရှိနေသည်။
ဘာလင်တိရစ္ဆာန်ရုံသည် နယ်သာလန်နိုင်ငံမှ ရောက်ရှိလာသော ပင်ဂွင်းငှက်ဖိုများကို လေ့လာမှုများပြုလုပ်နေကြောင်း Reiss ကဆိုသည်။ ပင်ဂွင်းငှက်များသည် တိရစ္ဆာန်ရုံတွင် အဖော်မဲ့အထီးကျန်စွာ နေထိုင်ရသည့် ကာလမျိုးတွင် သားဖောက်ရန်အတွက် အနည်းငယ်စိတ်ဝင်စားမှု ပိုမိုရှိလာမည်ဟု ၎င်းတို့က မျှော်လင့်ထားကြသည်။ ( Xinhua )