Connect with us

Social, Education & Health

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁ ဦးထိ ရှိလာ

တရုတ်နိုင်ငံ ချင်းတောင် ( Qingdao ) လေဆိပ်တွင် ခရီးသည်များအား ဇီကာဗိုင်းရပ်စ် ကူးစက် ခံထားရခြင်း ရှိ / မရှိ Scanner များဖြင့် တာဝန်ရှိသူများက စစ်ဆေးကြည့် နေစဉ် ( ဆင်ဟွာ )

ဂွမ်ဆူး၊ ဧပြီ ၁၁ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံ ( Guangdong ) ပြည်နယ်တွင် ဧပြီလ ၁ဝ ရက်က ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦး ထပ်မံ တွေ့ရှိခဲ့ရာ ပြည်နယ်တွင်း ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၁ ဦးထိ ရှိသွားပြီး ဖြစ်ကြောင်း သိရသည်။

အသက် ၇ နှစ် အရွယ် ဗင်နီဇွဲလား နိုင်ငံသူ အမျိုးသမီးငယ် တစ်ဦးသည် မွေးရပ် ဇာတိ ဂွမ်ဒေါင် ပြည်နယ် အတွင်းရှိ အမ်ပင်းမြို့ ( Enping ) သို့ပြန်ရောက်လာစဉ် ၎င်း၏ အရေပြားပေါ်တွင် အဖုအပိမ့်များ ထွက်ပေါ်နေသည်ကို တွေ့ရသဖြင့် ဧပြီလ ၄ ရက်က ဆေးစစ်မှုများ ပြုလုပ်ခဲ့ရာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဂွမ်ဒေါင်ပြည်နယ် ကျန်းမာရေး နှင့် မိသားစု စီမံချက် ကော်မရှင်က ဆိုသည်။

အဆိုပါ အမျိုးသမီးငယ်သည် ၎င်းနေအိမ်၌ပင် ဆေးစစ်မှု ခံယူနေပြီး အခြေအနေမှာ တည်ငြိမ်လျက် ရှိသည်။ တောင်အမေရိကနှင့် အလယ်အမေရိက နိုင်ငံများတွင် ဇီကာ ဗိုင်းရပ်စ်ပိုးများ ကူးစက် ပျံ့နှံ့ခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ လယ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် ( WHO ) သည် ကမ္ဘာတစ်ဝန်း ဇီကာဗိုင်းရပ်စ် အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ တရုတ်နိုင်ငံတွင်လည်း ပူနွေးသော ရာသီဥတုမှ တဆင့် ဇီကာဗိုင်းရပ်စ် ဖြစ်ပွားစေသည့် ခြင်များရှင်သန် ပေါက်ဖွား စေနိုင်ကြောင်းကို သတိပေး တပ်လှန့်ထားသည်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လက္ခဏာများမှာ အဖျားတက်ခြင်း ၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း ၊ အဖုအပိမ့်ထွက်ခြင်း ၊ မျက်လုံးများ ယောင်ယမ်းခြင်း ၊ ခေါင်းကိုက်ခြင်း နှင့် ကြွက်သားများ နာကျင်ခြင်း စသည့် ဝေဒနာများ ခံစားရကြောင်း သိရသည်။ ထို့ပြင် ၎င်းရောဂါသည် မိခင်မှတဆင့် မွေးကင်းစ ကလေးငယ်များဆီလည်း ရောဂါ ကူးစက် ခံရနိုင်ကြောင်း သံသယ ရှိနေကြသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.