Connect with us

Social, Education & Health

၂ဝ၁၅ ခုနှစ် သန်းခေါင်းစာရင်း အရ တရုတ်နိုင်ငံ လူဦးရေသည် ၁.၃၇ ဘီလီယံကျော်ထိ တိုးပွားလာ

တရုတ်ကလေးငယ်များအား တွေ့ရစဉ် ( ဆင်ဟွာ )

ပေကျင်း ၊ ဧပြီ ၂၁ ရက် ( ဆင်ဟွာ )

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်ထိ တရုတ်နိုင်ငံပြည်မ၌ လူဦးရေ ၁.၃၇၃ ဘီလီယံ ရောက်ရှိသွားပြီးဖြစ်ရာ ၂ဝ၁ဝ ပြည့်နှစ်ထက် ၃၃.၇၇ သန်း တိုးပွားလာသည်ဟု ၆ ကြိမ်မြောက် သန်းခေါင်စာရင်း ကောက်ယူမှု အပြီးတွင် အမျိုးသား သန်းခေါင်စာရင်း ဗျူရို ( NBS ) က သတင်း ထုတ်ပြန်သည်။

၂ဝ၁ဝ ပြည့်နှစ် မှ ၂ဝ၁၅ ခုနှစ်အတွင်း လူဦးရေ တိုးပွားမှုသည် ဝ.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး၊၂ဝဝဝ ပြည့်နှစ် မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ရှိခဲ့သည့် လူဦးရေ တိုးပွားနှုန်း ဝ.၅၇ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက လျော့နည်းသွားသည်ဟု NBS အချက်အလက်များ အရ သိရသည်။ အမျိုးသား ဦးရေသည် ၅၁.၂၂ ရာခိုင်နှုန်း နှင့် အမျိုးသမီး ဦးရေသည် ၄၈.၇၈ ရာခိုင်နှုန်းရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ကျေးလက်ဒေသ၌ နေထိုင်သူ ၇၆၇.၅ သန်းရှိနေပြီး ရာခိုင်နှုန်းအားဖြင့် ၅၅.၈၈ ရာခိုင်နှုန်း ဖြစ်သည်။၂ဝ၁ဝ ပြည့်နှစ်က တရုတ်ကျေးလက်နေ လူဦးရေသည် ၆ဝ၅.၉၉ သန်း ရှိခဲ့ရာ ယခုကာလဖြင့် နှိုင်းယှဉ်ပါက ၆.၂ ရာခိုင်နှုန်း တိုးတက်လာသည်ဟု ဆိုနိုင်သည်။

နိုင်ငံတွင်း အမျိုးသား၊ အမျိုးသမီးဦးရေ မညီမျှမှု ဖြစ်ပေါ်နေခြင်းကို ထိန်းချုပ်နိုင်ရန် တရုတ် အာဏာပိုင်များ ကြိုးပမ်းနေသည်။ တရုတ်ကိုယ်ဝန်ဆောင်များ သား/သမီးရွေးချယ်ပြီး မိမိ မနှစ်သက်ပါက ကိုယ်ဝန် ဖျက်ချနေခြင်း ၊ ကလေး မမွေးဖွားမီ သား/သမီး ကြိုတင် သိရှိရန် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေခြင်း နှင့် ထိုသို့လုပ်ဆောင်နိုင်အောင် ထောက်ပံ့ ပေးနေသည့် ဆေးပညာ အသုံးဆောင် ကိရိယာများကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်နိုင်ရန် တရုတ် အာဏာပိုင်များက လုပ်ဆောင်နေသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်၌ ကျား၊ မ လူဦးရေ အချိုးအစား မညီမျှဆုံး နိုင်ငံ ဖြစ်နေသည်။ ထိုသို့ဖြစ်နေရခြင်းမှာ လွန်ခဲ့သော နှစ်က တရုတ်နိုင်ငံတွင် ကလေး မမွေးဖွားမီ သားသား/မီးမီး သိရှိခွင့်ရအောင် တရားမဝင် စမ်းသပ်မှု ပြုလုပ်နေခြင်း နှင့် သားသား/ မီးမီး စိတ်ကြိုက်မဖြစ်ပါက ကိုယ်ဝန် ဖျက်ချနေခြင်းများသည် တိုက်ရိုက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်ဟု အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံချက် ကော်မရှင်က ဆိုသည်။

သန္ဓေသား အဆင့်တွင် သားသား/မီးမီး သိရှိနိုင်အောင် စမ်းသပ်ခြင်းနှင့် သားသားမီးမီး ရွေးချယ်၍ ကိုယ်ဝန် ဖျက်ချနေခြင်းကို တရုတ်နိုင်ငံတွင် ရာဇဝတ်မှု အဖြစ် ပြဌာန်းထားသည်။ တရုတ် မိသားစုဝင်များ သည် သား ယောကျ်ားလေးအား ပို၍ အလိုရှိကြပြီး သမီးမိန်းကလေးဖြစ်ပါက သန္ဓေသား အဆင့်တွင် ကိုယ်ဝန် ဖျက်ချမှုများ ပြုလုပ်နေကြကြောင်း သိရသည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.