Connect with us

Asia

ဂျပန် နိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်

ဂျပန် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida သည် ဧပြီလ ၂၉ ရက် မှ မေလ ၁ ရက်ထိ တရုတ်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီး လာရောက်မည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချွမ်းရင် က ဧပြီလ ၂၇ ရက်တွင် ပြောကြားသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ (Wang Yi) နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Kishida တို့နှစ်ဦးသည် တရုတ်-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နိုင်ငံတကာနှင့် ဒေသတွင်း အတူတကွ စိုးရိမ် ပူပန်နေရသည့် ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်၍ ဆွေးနွေးသွားကြရန် ရှိကြောင်း ဟွာက ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ် နှင့် ဂျပန်တို့သည် အရေးကြီးသော အိမ်းနီးချင်း နိုင်ငံများ ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန် တည်ငြိမ်မှုသည် တရုတ်-ဂျပန် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ အတွက်သာမက ဒေသတွင်း တည်ငြိမ်ရေး ၊ ငြိမ်းချမ်းရေး အပါအဝင် ဖွံ့ဖြိုး တိုးတက်မှုများ အတွက် အလွန် အရေးပါကြောင်း ဟွာ က ပြောသည်။
လက်ရှိတွင် တရုတ်-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး၌ တိုးတက်မှုများ မြင်တွေ့နေရသလို စိန်ခေါ်မှုများလည်း ကြုံတွေ့နေရကြောင်း ၊ နှစ်နိုင်ငံ ဆက်ဆံရေး တည်တံ့ပြီး ကောင်းမွန် တည်ငြိမ်သော ဖွွံ့ဖြိုးမှု ဖြစ်စေရေး အတွက် ခိုင်ခိုင်မာမာ လုပ်ဆောင်ရန် ဟွာက တောင်းဆိုလိုက်သည်။
ဟွာ၏ ပြောကြားချက်တွင် ဂျပန်နိုင်ငံ အနေဖြင့် ၁၉၇၂၊ ၁၉၇၈၊ ၁၉၉၈ နှင့် ၂ဝဝ၈ ခုနှစ်များတွင် နှစ်နိုင်ငံအကြား ထားရှိခဲ့သည့် နိုင်ငံရေး စာချုပ်စာတမ်း လေးခု နှင့် ၂ဝ၁၄ နိုဝင်ဘာလ တွင် ထားရှိခဲ့သည့် အချက် လေးချက်ပါ စည်းမျဉ်း သဘော တူညီချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း၊ ဆက်စပ် ကိစ္စများကို ကိုင်တွယ်ရာတွင်လည်း သင့်တော်သည့် အနေအထားဖြင့် ပြုလုပ်မည်ဟု မျှော်လင့်ကြောင်း ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.