Connect with us

Environment, Disasters & Accidents

အယ်နီညို ရာသီဥတု အားနည်းသည့် အဆင့် ရောက်ရှိလာပြီး ဇွန်လတွင် ပြီးဆုံးမည်

အယ်လ်နီညိုဖြစ်စဉ် အားနည်းလာမှုပြသော ဇယားကိုတွေ့ရစဉ် (ဓာတ်ပုံ- Tun Lwin)

ရန်ကုန် ၊ မေ ၂ ရက် (ဆင်ဟွာ)

ယခု ဖြစ်ပွားနေသည့် အယ်လ်နီညို ရာသီဥတုမှာ အားနည်းသည့် အဆင့်သို့ရောက်ရှိသွားပြီး လာမည့် ဇွန်လတွင် အယ်လ်နီညို ဖြစ်စဉ် ပြီးဆုံးလိမ့်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ထံမှ သိရသည်။

ယခု မေလဆန်းတွင် တိုင်းတာ ချက်များအရ ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း အီကွေတာ ရပ်ဝန်းရှိ အယ်လ်နီညို စောင့်ကြပ် ကြည့်ရှုရေး ရေပြင်ပေါ်တွင် သတ်မှတ် ဧရိယာ ၄ ခု အနက် ၃ ခုတွင် ပင်လယ် ရေမျက်နှာပြင် အပူချိန်များ ပုံမှန်ထက် မြင့်တက်မှုသည် 1°C အောက်ကို ကျဆင်းသွားပြီ ဖြစ်ကြောင်း ၊ အားလျော့ကျ လာမှုကို ပြနေကြောင်း သိရသည်။
ထ့ိုနောက် စက်တင်ဘာလတွင် ပစိဖိတ် သမုဒ္ဒရာသည် လာနီညာ ရာသီဥတုကို ကူးပြောင်းလိမ့်မည် ဖြစ်ပြီး သေချာမှု ၇၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း ၊ မန္တလေး တိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးများတွင် အပူချိန် စံချိန်သစ်များ တင်ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117