Connect with us

Videos

စွမ်းအင်သစ်နည်းပညာသုံးကားများလူကြိုက်များလာ

ပေကျင်း၊ မေ ၄ ရက် (ဆင်ဟွာ)

တရုတ်မော်တော်ကားထုတ်လုပ်သူများနှင့် နိုင်ငံခြားကားကုမ္ပဏီများက ၎င်းတို့ ကုမ္ပဏီများမှ အသစ်ဒီဇိုင်းထုတ်လုပ်ထားသည့် အီလက်ထရောနစ်ကားများကို ၂ဝ၁၆ ပေကျင်းကားပြပွဲတွင်ပြသခဲ့ကြသည်။ ထိုပြပွဲတွင် စွမ်းအင်သစ်နည်းပညာသုံးကားများအား စိတ်ဝင်စားမှု ပိုမိုခဲ့ကြသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးမော်တော်ကားထုတ်လုပ်ရောင်းဝယ်သည့် ဈေးကွက်ဖြစ်ပြီး အီလက်ထရောနစ်ကားဈေးကွက်မှာလည်း တဖြေးဖြေး ကျယ်ပြန့်လျက်ရှိကြောင်းသိရသည်။

ထိုကားပြပွဲတွင် တရုတ်နိုင်ငံရှိ ဝယ်သူများအတွက် အထူးဒီဇိုင်းထုတ်ဖန်တီးထားသည့် ကားသစ်အမျိုးအစားပေါင်း ၁၁၂ စီးကို မိတ်ဆက်ပြသခဲ့သည်။၎င်းတို့ထဲတွင် BMW X1 , Mercedes E-class နှင့် Jaguar XF series တို့၏ အထူးထုတ်လုပ်ထားသော ကားများလည်းပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.