Connect with us

Africa & Middle East

တရုတ်ရေတပ် စစ်သင်္ဘောများ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တောင်အာဖရိကသို့ရောက်ရှိလာ

တောင်အာဖရိကနိုင်ငံ ဆိုင်မွန် ဆိပ်ကမ်းသို့ရောက်ရှိလာသော တရုတ်နိုင်ငံမှ ချစ်ကြည်ရေး စစ်သင်္ဘောများအား တွေ့ရစဉ်(ဆင်ဟွာ)

ဆိုင်မွန် ၊ တောင်အာဖရိက ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်မှ အမှတ် ၂၂ ရေတပ် အစောင့် သင်္ဘောအုပ်စုသည် ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် မေလ ၁၆ ရက်က တောင်အာဖရိက နိုင်ငံ ဆိုင်မွန် ( Simon ) ရေတပ် အခြေစိုက် စခန်းသို့ ရောက်ရှိလာကြောင်း သိရသည်။

တရုတ်စစ်သင်္ဘော အုပ်စုတွင် ထောက်ပံ့ရေး ယာဉ် Taihu ၊ ဒုံးကျည်ဖျက် စစ်င်္ဘော Qingdao နှင့် ဖရီးဂိတ် စစ်သင်္ဘော Dading တို့အတူ လိုက်ပါလာခဲ့သည်။ အဆိုပါ ချစ်ကြည်ရေး သင်္ဘောများ ကြိုဆိုပွဲ အခမ်းအနားကို တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့အနီးရှိ ဆိုင်မွန် ရေတပ် စခန်းတွင် ဒေသစံတော်ချိန် ၁ဝ နာရီတွင် ပြုလုပ်ခဲ့သည်။

တောင်အာဖရိကနိုင်ငံ ဆိုင်မွန် ဆိပ်ကမ်းသို့ရောက်ရှိလာသော တရုတ်နိုင်ငံမှ ချစ်ကြည်ရေး စစ်သင်္ဘောများအား တွေ့ရစဉ်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ဆိုင်မွန် ဆိပ်ကမ်းသို့ရောက်ရှိလာသော တရုတ်နိုင်ငံမှ ချစ်ကြည်ရေး စစ်သင်္ဘောများအား တွေ့ရစဉ်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ဆိုင်မွန် ဆိပ်ကမ်းသို့ရောက်ရှိလာသော တရုတ်နိုင်ငံမှ ချစ်ကြည်ရေး စစ်သင်္ဘောများအား တွေ့ရစဉ်(ဆင်ဟွာ)
ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်ရေတပ် နှင့်တောင်အာဖရိကရေတပ်တို့သည် နှစ်ဖက် အပြန်အလှန် ချစ်ကြည်ရေး ဖလှယ်မှုများ ပြုလုပ်သွားရန် ရှိပြီး ဖွင့်ပွဲနေ့တွင် တရုတ် စစ်သင်္ဘောများပေါ်သို့တောင်အာဖရိက ပြည်သူများအား တက်ရောက် လေ့လာခွင့် ပြုမည် ဖြစ်သည်။ ထို့နောက် နှစ်နိုင်ငံ ရေတပ်သည် တောင်အာဖရိက ပင်လယ်ကမ်းခြေ ရေပိုင်နက်တွင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားရန် ရှိသည်။
တရုတ်နိုင်ငံ၏ စစ်သင်္ဘောများသည် အေဒင် ပင်လယ်ကွေ့နှင့် ဆိုမားလီးယားနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်တွင် ကုန်သည် သင်္ဘောများအား လေးလကြာ အစောင့်အရှောက် တာဝန် ပြုလုပ်ခဲ့ပြီးနောက် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် တောင်အာဖရိကနိုင်ငံ သို့ပထမဦးစွာ ရောက်ရှိလာခြင်း ဖြစ်သည်။
ဆိုမားလီးယား ကမ်းလွန်တွင် သွားလာနေသော ကုန်သည် သင်္ဘောများ အတွက် လုံခြုံရေး အစောင့်အရှောက်အဖြစ် တာဝန်ထမ်းဆောင်ရန် ကုလသမဂ္ဂ (UN) အဖွဲ့၏ ခွင့်ပြုချက်ဖြင့် တရုတ်ရေတပ်သည် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ကတည်းက ၎င်း၏ စစ်သင်္ဘောများကို စေလွှတ်ထားခြင် းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.