Connect with us

Economy

တရုတ် – ဟန်ဂေရီ ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ ချုပ်ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဟန်ဂေရီ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီး Peter Szijjarto ခောတ်သစ် ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ ချုပ်ဆိုပြီး လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ဟန်ဂေရီနိုင်ငံသည် အာရှတိုက်ကို ဖြတ်၍ ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရန် ခေတ်သစ်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးသည့် ပထမဆုံး ဥရောပ နိုင်ငံဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ရိ ကပြောသည်။

တရုတ်နှင့် ဟန်ဂေရီ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများသည် ဘူဒါပတ်စ်တွင် ပြုလုပ်ခဲ့သည့် One Belt, One Road အစီအစဉ်ကို နှစ်ဦးနှစ်ဖက် နားလည်မှု ရယူခဲ့ပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည့်အရေး အတွက် လက်မှတ် ရေးထိုးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်တွင် ထုတ်ပြန်ခဲ့သည်။

ဝက်ဘ်ဆိုဒ်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်ရန် ဥရောပနိုင်ငံများကို ဖိတ်ခေါ်ထားကြောင်းနှင့် တရုတ်နိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများ နှင့်လည်း လုပ်ကိုင်ဆောင်ရွက်ရန် တိုက်တွန်း ကြောင်းကို ဝက်ဘ်ဆိုဒ်၏ ဖော်ပြချက်များအရ သိရသည်။

ဟန်ဂေရီနိုင်ငံသို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဝမ်ရိ သွားရောက် လည်ပတ်ခဲ့စဉ် တရုတ် -ဟန်ဂေရီ ခေတ်သစ် ပိုးလမ်းမကြီး ပူးပေါင်းမှု စာချုပ်ချုပ်ကို ချုပ်ဆို နိုင်ခဲ့ခြင်း ဖြစ်သည်။

ဟန်ဂေရီနိုင်ငံသည် တရုတ်နိုင်ငံနှင့် ရင်းနှီးမှု ရယူပြီး ဟန်ဂေရီ-ဆားဗီးယား ရထားလမ်း အစီအစဉ်နှင့် အခြားဆောက်လုပ်ရေး ကဏ္ဍများတွင်လည်း လုပ်ဆောင်ရန် မျှော်လင့်လျက်ရှိကြောင်း ဟန်ဂေရီသမ္မတ ဂျာနို(စ်)အဒါက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှား၊ ဟန်ဂေရီ နှင့် ဗြိတိန်နိုင်ငံများသို့ ဇွန်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့အထိ သွားရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117