Connect with us

Economy

တရုတ်-သြစတြေးလျ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) စာချုပ် ချုပ်ဆို

တရုတ်-သြစတြေးလျ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) စာချုပ် ချုပ်ဆို ခြင်းအခမ်းအနား တွင် တရုတ် နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကောင်းဟူချန် (ဘယ်) ၊ သြစတြေးလျ နိုင်ငံ ဝန်ကြီး ချုပ် Tony Abbott (လယ်) နှင့် သြစတြေးလျ နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဌာန ဝန်ကြီး Andrew Robb (ညာ) တို့ (ဆင်ဟွာ)

ကန်ဘာရာ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

သြစတြေးလျ နိုင်ငံ ကန်ဘာရာ မြို့တွင် ဇွန်လ ၁၇ ရက်နေ့က “ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံအစိုးရ နှင့် သြစတြေးလျ နိုင်ငံ အစိုးရ တို့လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) ” စာချုပ် လက်မှတ် ရေးထိုးခြင်း ပြုလုပ် ခဲ့ကြသည်။

တရုတ် နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကောင်းဟူချန် (Gao Hucheng) နှင့် သြစတြေးလျ နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဌာန ဝန်ကြီး Andrew Robb တို့မှ နှစ်နိုင်ငံ အစိုးရ ကိုယ်စား လက်မှတ် ရေးထိုး ခဲ့ကြသည်။ သြစတြေးလျ နိုင်ငံ ဝန်ကြီး ချုပ် Tony Abbott မှ လက်မှတ်ရေးထိုးသည့် အခမ်းအနား ကို တက်ရောက် ခဲ့သည်။

တရုတ်-သြစတြေးလျ FTA ကို ၂၀၀၅ ခုနှစ် ဧပြီလတွင် စတင် ဆွေးနွေး ခဲ့ပြီး ၁၀ နှစ်ကြာ ပြီးနောက် လက်မှတ် ရေးထိုးနိုင်ခဲ့သည် ။ နှစ်ဘက် နိုင်ငံ ၏ ကြိုးစား ဆောင်ရွက်မှုဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ သြစတြေးလျ နိုင်ငံ သို့သွားရောက် လည်ပတ်စဉ် အတွင်း သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် Tony Abbott နှင့် အတူ လက်တွေ့ကျသော FTA ဆွေးနွေးမှု ပြီးဆုံးကြောင်း ကြေညာ ခဲ့ပြီး ယခု လက်မှတ် ရေးထိုး နိုင်ခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံမှ သက်ဆိုင်ရာ ပြည်တွင်း လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို အမြန်ဆောင်ရွက်ကာ FTA စာချုပ်အား အမြန် အသက်ဝင်လာ စေပြီး ကောင်းမွန်သော ဖွဲ့စည်းပုံ အခြေခံ များရရှိအောင် လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

တရုတ်-သြစတြေးလျ FTA စာချုပ်တွင် ကုန်ပစ္စည်း ၊ ဝန်ဆောင်မှု နှင့် ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍ ၁၀ ခုကျော် ပါဝင်ပြီး ဘက်စုံ အရည်အသွေးမြင့်ခြင်း နှင့် အကျိုးအမြတ် မျှတခြင်း ဟူသည့် ရည်မှန်းချက် ကိုလည်း အကောင်အထည် ဖော်နိုင်ခဲ့သည်။ တရုတ်-သြစတြေးလျ FTA စာချုပ် သည် တရုတ် နိုင်ငံမှ ပြည်ပ နိုင်ငံ များ နှင့် ချုပ်ဆိုသည့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အရည်အသွေး အမြင့်ဆုံး FTA စာချုပ် များတွင် တစ်ခု အပါအဝင်ဖြစ်သည်။

ကုန်ပစ္စည်း ကဏ္ဍ တွင် FTA စာချုပ် စတင် သက်ဝင် ဆောင်ရွက် ချိန်၌ နှစ်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်ရေးမှ ၈၅.၄ ရာခိုင်နှုန်း သည် အခွန် ကင်းလွတ်ခွင့် ရရှိသွားမည်ဖြစ်သည်။ အခွန်လျှော့ချရေး ကာလ ပြီးဆုံး ချိန်တွင် သြစတြေးလျ မှ အခွန် ကင်းလွတ်ခွင့် အား စုစုပေါင်း ကုန်သွယ်ရေး ၏ ၁၀၀ ရာခိုင်နှုန်း အထိ ရောက်ရှိအောင် ဆောင်ရွက် သွားမည် ဖြစ်သည်။ တရုတ် နိုင်ငံ အနေဖြင့် လည်း အခွန် ကင်းလွတ်ခွင့် အား စုစု ပေါင်း ကုန်သွယ်ရေး ၏ ၉၆.၈ ရာခိုင်နှုန်း နှင့် ၉၇ ရာခိုင်နှုန်း အထိ ရောက်ရှိအောင် ဆောင်ရွက် သွားမည် ဖြစ်သည်။ ဤ ဆောင်ရွက်မှု များသည် သာမန် FTA စာချုပ်များ၏ အခွန် လျှော့ချမှု ၉၀ ရာခိုင်နှုန်းထက် လွန်စွာ မြင့်မား ခဲ့ပါသည်။

ဝန်ဆောင်မှု ကဏ္ဍတွင် သြစတြေးလျ မှ FTA စာချုပ် စတင် သက်ဝင် ဆောင်ရွက် ချိန်၌ တရုတ် နိုင်ငံ အား Negative List mode ဖြင့် ဝန်ဆောင်မှု ဌာန များအား လွတ်လပ်ခွင့် ပေးမည် ဖြစ်ပြီး သြစတြေးလျနိုင်ငံသည် ကမ္ဘာပေါ်တွင် တရုတ် နိုင်ငံအား ပထမ ဆုံး Negative List mode ဖြင့် ဝန်ဆောင်မှု ကုန်သွယ်ရေး သဘောတူ ခဲ့သည့် နိုင်ငံ ဖြစ်လာ မည် ဖြစ်သည်။ တရုတ် နိုင်ငံ အနေဖြင့် သြစတြေးလျ နိုင်ငံ အား Positive List mode ဖြင့် ဝန်ဆောင်မှု ဌာန များကို လွတ်လပ်ခွင့် ပေးမည် ဖြစ်သည်။ ထ့ိုပြင် သြစတြေးလျမှ အလုပ် အားလပ်ရက် သတ်မှတ်ချက် ပိုင်းတွင် တရုတ် နိုင်ငံ အတွက် သီးသန့် စီမံချက် များ ဆောင်ရွက်ခဲ့သည်။

တရုတ်-သြစတြေးလျ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) စာချုပ် ချုပ်ဆိုပြီးနောက် တရုတ် နိုင်ငံ ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကောင်းဟူချန် (ဘယ်) ၊ သြစတြေးလျ နိုင်ငံ ဝန်ကြီး ချုပ် Tony Abbott (လယ်) နှင့် သြစတြေးလျ နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဌာန ဝန်ကြီး Andrew Robb (ညာ) တို့မှ အမှတ်တရ ဓာတ်ပုံ ရိုက်နေစဉ် (ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် နှစ်နိုင်ငံမှ အထူး အခွင့်အရေး များပေးသွားမည် ဖြစ်ပြီး သြစတြေးလျ မှ တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်းများ သြစတြေးလျ သို့ လာရောက် ရင်းနှီးမြှုပ်နှံမှု နှင့် ပတ်သက်သော စစ်ဆေးချက်များ ကို လည်း လျှော့ချ ပေးသွားမည် ဖြစ်ပြီး အဆင်ပြေ စေမည့် ဆောင်ရွက်မှု များကိုလည်း လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။

တရုတ်-သြစတြေးလျ FTA စာချုပ် ချုပ်ဆိုခဲ့ခြင်းသည် တရုတ် နိုင်ငံ၏ အပြည်ပြည် ဆိုင်ရာ အရည်အသွေးမြင့် လွတ်လပ်သော ကုန်သွယ်ရေး ကွန်ရက် တည်ဆောက်ရေး အတွက် အရေးကြီးပြီး ခိုင်မြဲ စေသည့် ခြေလှမ်း တစ်ခု ဖြစ်သည်။ တရုတ်-သြစတြေးလျ FTA စာချုပ် သည် တောင်ကိုးရီးယား နိုင်ငံ နှင့် FTA စာချုပ် ချုပ်ဆိုပြီးနောက် တရုတ် နိုင်ငံမှ အာရှ-ပစိဖိတ် ဒေသ တွင်းရှိ အရေးပါသော စီးပွားရေး အသိုက်အဝန်းနှင့် ထပ်မံ ချုပ်ဆို ခဲ့သည့် FTA စာချုပ် ဖြစ်သည်။ ဤ ဆောင်ရွက်မှုသည် ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက် ဆက်ဆံရေး (RCEP) နှင့် အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေး ဒေသ (FTAAP) တို့အတွက် တွန်းအား ဖြစ်စေ ခဲ့ပြီး အာရှ-ပစိဖိတ် စီးပွားရေး အသိုက်အဝန်း ဖြစ်တည်ရေး နှင့် ဒေသတွင်း နိုင်ငံများ တူညီသော ဖွံ့ဖြိုး တိုးတက်မှု ရရှိရေး အတွက် အလွန် အရေး ပါသည့် ဆောင်ရွက်ချက် ဖြစ်သည်။
၂၀၁၄ ခုနှစ် တရုတ်-သြစတြေးလျ ကုန်သွယ်ရေး ပမာဏ သည် အမေရိကန် ဒေါ်လာ ၁၃၆.၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၀၀ ခုနှစ် ကုန်သွယ်ရေး ပမာဏ ၏ ၁၆ ဆ ရှိခဲ့သည်။၂၀၁၄ ခုနှစ် အထိ တရုတ် နိုင်ငံ မှ သြစတြေးလျ သို့ သွားရောက် ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန် ဒေါ်လာ ၇၄.၉ ဘီလီယံ ရှိခဲ့သည်။ တရုတ် နိုင်ငံ သည် သြစတြေးလျ နိုင်ငံ ၏ အဓိက ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံ ဖြစ်ပြီး သွင်းကုန် နှင့် ထုတ်ကုန် အများဆုံး ကုန်သွယ်သည့် နိုင်ငံ လည်းဖြစ်သည်။ တရုတ်-သြစတြေးလျ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) စာချုပ် ချုပ်ဆို ခြင်းဖြင့် နှစ်နိုင်ငံ စီးပွားရေး အား အပြန်အလှန် အထောက်အကူ ပြုနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူ လူထု ကိုလည်း အကျိုး ဖြစ်ထွန်း စေမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117