Politics, Law & Military
ငြိမ်းချမ်းရေး နှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူများ ထောက်ပံ့ကူညီရေး လုပ်ငန်းစဉ်များ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဗြိတိန်နိုင်ငံတို့ ဆက်လက် ပူးပေါင်း ဆောင်ရွက်မည်
ရန်ကုန် ၊ မေ ၂၅ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူများ (IDP) အား ထောက်ပံ့ ကူညီရေး လုပ်ငန်းစဉ်များ အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် ဗြိတိန်နိုင်ငံတို့ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick တို့သည် ယနေ့မေလ ၂၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး ၊ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် ၊ ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံ အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၅၀) သန်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ကဏ္ဍ၊ လွှတ်တော်၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဆက်ဆံရေး ကဏ္ဍ၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍနှင့် IDP များအား လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍ စသည့်ကဏ္ဍ (၄) ရပ်အား ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်ဖြင့် အကူအညီပေးနေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)