Connect with us

Africa & Middle East

ယူဂန္ဓာသို့ တောင်ကိုရီးယားသမ္မတ ရောက်ရှိလာပြီးနောက် မြောက်ကိုရီးယား နှင့် စစ်ရေးပူးပေါင်းမှု ယူဂန္ဓာ ရပ်ဆိုင်း

ယူဂန္ဓာနိုင်ငံ သို့ရောက်ရှိနေသည့် တောင်ကိုရီးယားသမ္မတအား စစ်ရေးပြအခမ်းအနား တစ်ခု ၌ ယူဂန္ဓာသမ္မတ နှင့် အတူ တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ယူဂန္ဓာ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ယူဂန္ဓာနိုင်ငံက မြောက်ကိုရီးယား သည် ၎င်း၏ နျူကလီးယား လုပ်ငန်းစဉ် အား ဆက်လက်လုပ်ဆောင်သည့် အတွက် ၎င်းနှင့် စစ်ရေးအရပူးပေါင်းမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း မေလ ၂၉ ရက် ကကြေညာခဲ့သည်။

ယူဂန္ဓာနိုင်ငံသို့ တောင်ကိုရီးယားသမ္မတ Park Geun-hye ရောက်ရှိနေစဉ် အတွင်း ယူဂန္ဓာနိုင်ငံခြားရေးဝန်ကြီး Sam Kutesa က မြောက်ကိုရီးယားနိုင်ငံ သည် ကုလသမဂ္ဂ၏ ပိတ်ဆို့မှု အား လိုက်နာခြင်း မရှိသည့် အတွက် ယူဂန္ဓာ သည် မြောက်ကိုရီးယား နိုင်ငံ နှင့် ပူးပေါင်းမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
Sam Kutesa က ယူဂန္ဓာနိုင်ငံ ၏ မူဝါဒ သည် အဖျက်သဘောဆောင်သည့် နျူကလီးယား လုပ်ငန်းစဉ် ကို မထောက်ပံ့သော မူဝါဒ ဖြစ်၍ ထို့သို့ ပူးပေါင်းမှု ကို ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း မြို့တော် Kampala နှင့် ၄၀ ကီလိုမီတာ ကွာဝေးသည့် Entebbe မြို့တွင် ပြောကြားခဲ့သည်။
ထို့အပြင် ၎င်းက ဆေးဝါး နှင့် စွမ်းအင် တို့ ထုတ်လုပ်ခြင်း ကဲ့သို့သော ကောင်းမွန်သည့် ရည်ရွည်ချက်ဖြင့် နျူကလီးယား စွမ်အင် ထုတ်လုပ်မှု ကိုမူ အားပေးထောက်ခံပါကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ ယူဂန္ဓာနိုင်ငံ သို့ ရေ ယူဂန္ဓာနိုင်ငံ သို့ ရောက်ရှိနေခြင်းသည် ၎င်း၏ အာဖရိကခရီးစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကင်ညာနိုင်ငံသို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်းသိရသည်။
၎င်းသည် အာဖရိက သမဂ္ဂ ရုံးစိုက်ရာ အီသီယိုပီးယားနိုင်ငံသို့ လည်း ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.