Connect with us

Local

ချင်းပြည်နယ်တွင် အသေးစား နှင့် အလတ်စား လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဆောင်ရွက်သွားမည်

ချင်းရိုးရာအထည် ယက်လုပ်နေသည့် ချင်းတိုင်းရင်းသူတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ယခုနှစ် မေလကုန်အထိ ချင်းပြည်နယ်သည် တရားဝင် ဆန်းစစ်မှုများအရ ဖွံ့ဖြိုးမှုအနိမ့်ဆုံးပြည်နယ်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ စာရင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝမရှိသည့် Zero Investment ပြည်နယ် ဖြစ်နေရာမှ SMEs အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြင့် စတင်၍ ရင်းနှီးမြှုပ်နှံနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ MIC (မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်) ရုံးခွဲ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် ဖွံ့ဖြိုးမှုမရှိသည့် ဒေသများ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ခံစားခွင့်များ ထည့်သွင်းရေးဆွဲထားကြောင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ MIC ရုံးခွဲများ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံအနောက်မြောက်ဘက်ပိုင်း အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်၍ နယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခုရှိပြီး ၁၃၉၀၇ စတုရန်းမိုင် ကျယ်ဝန်းသည်။ ၂၀၁၄ အိမ်ထောင်စု စာရင်းအရ လူဦးရေ ၄၇၈၈၀၁ ဦးရှိပြီး ချင်းပြည်နယ်မှ ၅၁၅၄၅ ဦး၊ ၁၀ ဒသမ ၇ ရာခိုင်နှုန်းမှာ မလေးရှားနိုင်ငံ၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိပြီး ဆင်းရဲမှုအဆင့် ၇၃% ထိ မြင့်တက်ခဲ့ကြောင်း M.O.I သတင်းတွင်ပါရှိသည်။

ချင်းပြည်နယ်ပြီးနောက် အနည်းဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (FDI) ရှိသည့် ပြည်နယ် နှင့် တိုင်းဒေသကြီးများမှာ ကယားပြည်နယ်တွင် တစ်ခု၊ ကရင်ပြည်နယ်တွင် နှစ်ခု၊ နေပြည်တော်ကောင်စီတွင် သုံးခုရှိပြီး FDI လုပ်ငန်းအများဆုံးမှာ ရန်ကုန်တိုင်း ဒေသကြီးဖြစ်ရာ FDI ကုမ္ပဏီလုပ်ငန်း ၅၉၇ ခုဖြစ်ပြီး ဒုတိယအများဆုံးမှာ ပဲခူးတိုင်း ဒေသကြီးတွင် ၄၉၃ ခုရှိကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း MIC ရုံးခွဲများ အသီးသီးဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ရာ နီးစပ်ရာ MIC ရုံးခွဲတွင် သက်တမ်းတိုးခြင်းများကိုလည်း ဆောင်ရွက်ခွင့်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ချင်း ပြည်နယ် ကန်ပက်လက်မြို့၌ ဒုတိယအကြိမ် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ကျင်းပသွားမည်ဟု သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117