Connect with us

Local

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၃ သန်းသာရှိ

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု စခန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၃ သန်းသာ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန် ၃ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၃ သန်းသာ ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုထက် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၇၃ သန်း လျော့ကျလျက် ရှိသည်။

စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပမာဏသည် ယခင် ဘဏ္ဍာနှစ် ကာလတူထက် ကျဆင်းခဲ့သော်လည်း မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပမာဏသည် ယခင် ဘဏ္ဍာနှစ် ကာလတူထက် များပြားခဲ့သည်။

အဆိုပါ စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သုည ဒသမ ၄၄၂ သန်း နှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သုည ဒသမ ၇၈၈ သန်း ရှိခဲ့သည်။

မြန်မာနိုင်ငံ အတွင်းမှ လယ်ယာ ထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ သတ္တုတွင်း ထွက်များ၊ သစ်တောထွက်ကုန်များနှင့် စက်မှုကုန်ချောများ တင်ပို့ပြီး အိမ်နီးချင်း နိုင်ငံများမှ လူသုံးကုန် ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံ အတွင်းရှိ ကုန်သွယ်ရေး စခန်း ၁၅ ခုမှ တင်သွင်းသည်။ (Xinhua)