Connect with us

Sport

အရှေ့တောင်အာရှ အလေးမတံခွန်စိုက်ပြိုင်ပွဲ တွင် မြန်မာအလေးမ အသင်းမှ ငွေ(၁)၊ ကြေး (၃)ရရှိ

အရှေ့တောင်အာရှ အလေးမတံခွန်စိုက်ပြိုင်ပွဲ Logo (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ဇူလိုင်၅ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင် ကျင်းပခဲ့သော ပထမအကြိမ် အရှေ့တောင်အာရှ အလေးမတံခွန်စိုက်ပြိုင်ပွဲ မြန်မာအလေးမအသင်းက ငွေ တစ်ခု၊ ကြေးသုံးခု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ အားကစားအဖွဲ့အချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

“စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၈)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ အိမ်ရှင်နိုင်ငံက အလေးမအားကစားကို ထည့်သွင်းကျင်းပခဲ့ခြင်းမရှိလို့ အရှေ့တောင်အာရှ အလေးမ အဖွဲ့ချုပ်က အခုပြိုင်ပွဲကို ဦးစီးကျင်းပခဲ့ခြင်းဖြစ်တယ်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပခြင်း မရှိတဲ့ နှစ်တွေမှာ အရှေ့တောင်အာရှ အလေးမတံခွန်စိုက်ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်တယ်’’ ဟု မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်က တာဝန်ရှိသူက ပြောသည်။

ဇွန် ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ သို့ မြန်မာနိုင်ငံမှ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦး စုစုပေါင်း ခုနစ်ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အမျိုးသားအားကစားသမား ၅၅ ဦး၊ အမျိုးသမီးအားကစားသမား ၃ဝ စုစုပေါင်း ၈၅ ဦး ဝင်ရောက်ယှဉ် ပြိုင်ကြခြင်းဖြစ်ပြီး၊ အမျိုးသမီး ကိုယ်အလေးချိန် အတန်း (၆)တန်းနှင့် အမျိုးသား ကိုယ်အလေးချိန် အတန်း(၇)တန်း ကျင်းပခဲ့သည်။

အမျိုးသမီး ၄၈ ကီလိုတန်းတွင် ထိုင်းက ပထမ၊ မိုင်ဇင်ပွင့်ဖြူ(မြန်မာ)က ဒုတိယ၊ အမျိုးသမီး(၆၉)ကီလို တန်းတွင် ဗီယက်နမ်က ပထမ၊ အင်ဒိုနီးရှားက ဒုတိယနှင့် မိုးသူဇာ (မြန်မာ)က တတိယရရှိသည်။အမျိုးသား(၇၇)ကီလိုတန်းတွင် ထိုင်းက ပထမ၊ ဗီယက်နမ်က ဒုတိယနှင့် ကျော်မိုးဝင်(မြန်မာ)က တတိယ၊ အမျိုးသား (၉၄)ကီလိုတန်းတွင် ထိုင်းက ပထမ၊ ဗီယက်နမ်က ဒုတိယနှင့် ဝင်းနိုင်ထွန်း(မြန်မာ)က တတိယ အသီးသီးရရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117