Connect with us

North America

အမေရိကန်၌ မီးငြိမ်းသတ်ရာတွင်အသုံပြုသည့် ဓာတုဆေးအမြှုပ် များကြောင့် သောက်သုံးရေညစ်ညမ်းပြီး ကင်ဆာရောဂါဖြစ်ပွားနေ

အမေရိကန်နိုင်ငံတွင် ဓာတုဆေးအမြှုပ်အသုံးပြု၍ တောမီးငြိမ်းသတ်စဉ်(ဆင်ဟွာ)

ဆန်ဖရမ်စစ္စကို ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် စစ်စခန်းများ ၊ လေဆိပ်များ နှင့် စက်မှုဇုံများ၌ မီးဘေးကာကွယ်ရေးအတွက် မီးသတ်ဆေးအမြှုပ်များကို အသုံးပြုနေခြင်းကြောင့် အနီးပတ်ဝန်ကျင်ရှိ သောက်သုံးရေများတွင် ဖလူအိုရင်းဓာတုဒြပ်စင် ပျော်ဝင်မှု မြင့်မားလျက်ရှိကြောင်း သုတေသနအဖွဲ့တစ်ခုက သြဂုတ်လ ၉ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

အဆိုပါအဖွဲ့တွင် ကယ်လီဖိုးနီးယား ၊ ဘာကီလီး နှင့် ဟားဗတ် တက္ကသိုလ်များမှ သုတေသီများပါဝင်ပြီး အမေရိကန်ပြည်ထောင်စုရှိ အနည်းဆုံး လူပေါင်း ၆ သန်းကျော်သည် ဖလူအိုရင်းဓာတုဒြပ်စင် မြင့်မားစွာပါဝင်နေသော အဆိပ်အတောက်ဖြစ်နေသည့်ရေကို သောက်သုံးနေကြကြောင်း ဆိုသည်။ ၎င်းညစ်ညမ်းရေကြောင့် ကျောက်ကပ် ၊ ဝှေ့စေ့ ကင်ဆာ ၊ ကိုလက်စထရောမြင့်မားမှု ၊ အဝလွန်ရောဂါ နှင့် လူ့ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေမည့် အကြောင်းတရာများဖြစ်ပေါ်ရန် ဆက်စပ်မှုများရှိနိုင်ကြောင်း ၎င်းတို့ကပြောကြားသည်။
အမေရိကန်နိုင်ငံ၌ တောမီးငြိမ်းသတ်ရေးလေ့ကျင့်ခန်းများတွင် ဖလိုရိုကာဗွန် ပါဝင်သည့် မီးငြိမ်းသတ်အမြှုပ်(AFFs)ကို အသုံးပြုသဖြင့် မြေသားမျက်နှာပြင်တင်းမာနေမှုကို လျော့ကျစေခြင်း နှင့် မြေမျက်နှာတစ်ခုလုံး အရည်များလျင်မြန်စွာ ပြန့်နှံ့သွားစေခြင်းများကို ဖြစ်ပေါ်စေသည်။
၂ဝ၁၆ခုနှစ် သြဂုတ်လ ၉ ရက်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံ နှင့် နည်းပညာ စာစောင်အရ သုတေသီများက အမေရိကန်နိုင်ငံ၌ မကြာသေးမီက ရေထောက်ပံ့မှုတွင် perfluorooctanoic အက်စစ် နှင့် perfluorooctane sulfonic အက်စစ်များ ပါဝင်မှုမြင့်တက်လာခြင်းအပေါ် ကျန်းမာရေးဆိုင်ရာ အကြံပြု သတိပေးခဲ့သည်။
၎င်းတို့သည် ခေတ်မီဆန်းပြားသည့်နည်းပညာသုံးမြေပုံကို အသုံးပြု၍ စစ်စခန်းများ ၊ ဆေးရုံများ ၊ စက်မှုဇုံများ နှင့် ရေဆိုး သန့်စင်ကန်များတွင် မီးငြိမ်းသတ်အမြှုပ်များ ညစ်ညမ်းဒြပ်စင်များ ပါဝင်နေမှုကိုခြေရာခံ လေ့လာခဲ့ကြသည်။
“ မီးသတ်လေ့ကျင့်ခန်းပြုလုပ်နေချိန်မှာ ပမာဏကြီးမားတဲ့ အဆိပ်အတောက်တွေဟာ မြေမျက်နှာပြင် နဲ့ မြေအောက်ရေထဲစိမ့် ဝင်သွားကြပြီး လူတွေရဲ့ သောက်သုံးရေအဖြစ်နဲ့အဆုံးသတ်သွားကြတယ်” ဟု Berkely တက္ကသိုလ် ဓာတုဗေဒဌာန မှ Arlene Blum ကပြောကြားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.