Connect with us

Politics, Law & Military

နံပါတ် အနက်မှ အနီပြောင်းခြင်းကို ခရီးသည်တင် ယာဉ်များနှင့် အငှားယာဉ်များ စနစ်ပြောင်းလဲပြီးမှသာ ပြန်လည် ခွင့်ပြုမည်

ဆူးလေအနီးတွင် ပြေးဆွဲနေသည့် တက္ကစီတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ကိုယ်ပိုင်ယာဉ် နံပါတ်အနက်မှ အနီပြောင်းခြင်းကို ခရီးသည်တင်ယာဉ်များနှင့် အငှားယာဉ်များ စနစ် ပြောင်းလဲပြီးမှသာ ပြန်လည်ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောငည်။

ကိုယ်ပိုင်ယာဉ် နံပါတ်အနက်မှအနီ ပြောင်းခြင်းကို ပြီးခဲ့သည့် အစိုးရ လက်ထက်တွင် ယာယီရပ်ဆိုင်း ထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မတ်လအထိ ယာယီ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေရန် ကိုယ်ပိုင် ယာဉ်နံပါတ်အနက်မှ နံပါတ်အနီ ပြောင်းခြင်းအား ခေတ္တရပ် ဆိုင်းခဲ့ခြင်းဖြစ်ပြီး၊ ခရီးသည်တင် ယာဉ်များ နှင့် အငှားယာဉ်များ စနစ်တကျ သွားလာနိုင်ရန်လုပ်ဆောင် ပြီးလျင် ပြန်လည်ခွင့်ပြု သွားပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန် ဆက်လက် ကန့်သတ်ထားရှိ မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ခရီးသည်တင် ယာဉ်များနှင့် အငှားယာဉ်များ စနစ်တကျ မောင်းနှင်စေရန် ပြောင်းလဲမှုများ လုပ်ဆောင်ပြီးမှသာ ပြန်လည် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။ နံပါတ် အနက်မှအနီ ပြောင်းခြင်းကို ယခုနှစ် ဇန်နဝါရီ ၁ ရက်က ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117