Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အိန္ဒိယ နိုင်ငံသို့ရောက်ရှိ

အိန္ဒိယနိုင်ငံသို့ချစ်ကြည်ရေး ခရီးစဉ် သွားရောက်သည့် နိုင်ငံတော် သမ္မတနှင့် အဖွဲ့အား ဂယာမြို့ လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ- Ministry of Foreign Affairs Myanmar)

ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တို့ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယ သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီး၏ ဖိတ်ကြားချက်အရ ယနေ့သြဂုတ်လ ၂၇ ရက်တွင် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ထွက်ခွာသွားခဲ့ရာ အိန္ဒိယနိုင်ငံ၊ ဂယာမြို့ လေဆိပ်သို့ ဒေသစံတော်ချိန် ၁၀ နာရီ အချိန်ခန့်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် တို့ လိုက်ပါ သွားခဲ့ကြပြီး သြဂုတ် ၂၇ ရက်မှ ၃၀ ရက်ထိ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံသို့ချစ်ကြည်ရေး ခရီးစဉ် သွားရောက်သည့် နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် ဇနီးတို့ဦးဆောင်သည့် အဖွဲ့အား နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဒုတိယသမ္မတ များ ဖြစ်ကြသည့် ဦးမြင့်ဆွေ နှင့် ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မိုးမြင့်ထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံး သံရုံးယာယီ တာဝန်ခံ တို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117