Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး လုပ်ငန်းများ ပူးတွဲ အကောင်အထည် ဖော်မှု တို့ကို တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်း လုပ်ဆောင် လျက်ရှိကြောင်း ထုတ်ပြန် ကြေညာ

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားအပြီး စုပေါင်းမှတ်တမ်းတင် ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို ထိန်းသိမ်းလျက် ငြိမ်းချမ်းရေး လုပ်ငန်းများ ပူးတွဲ အကောင် အထည်ဖော်မှု တို့ကို တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်း လုပ်ဆောင်လျက် ရှိကြောင်း NCA စာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည် အခမ်းအနား၏ ထုတ်ပြန် ကြေငြာချက်အရ သိရသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းပေါ်သို့ NCA ပြဌာန်းချက်များကို စောင့်ထိန်းလိုက်နာခြင်းနှင့် နိုင် ငံရေး ဆွေးနွေး ပွဲများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာခြင်းအားဖြင့် လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း ၊ NCA ပါ အချက်များသည် အင်အားစုများ အကြား ညှိနှိုင်း သဘောတူညီ ထားသော ငြိမ်းချမ်းရေး အခြေခံအုတ်မြစ် ဖြစ်သည့်အတွက် ၎င်းအချက်များ ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် အနာဂတ်ပြည်ထောင်စု အတွက် အရေးပါသော ခြေလှမ်းများ ဖြစ်လိမ့်မည်ဟု ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့အတူ NCA ပါ လုပ်ငန်းများ ကို ပူးပေါင်း အကောင်အထည်ဖော်ခြင်းဖြင့် ပဋိပက္ခ ဖြေရှင်းရေးကို အခြေခံ သည့် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အသစ်တစ်ရပ်ကို တည်ဆောက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲများ၏ ရလဒ်များနှင့်အညီ တည်ဆောက် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

အခန်း (၇)ခန်းနှင့် အချက်ကြီး (၃၃)ချက်ပါ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတကာနှင့် ပြည်တွင်း သက်သေများ ရှေ့မှောက်တွင် နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117