Connect with us

Politics, Law & Military

ရှမ်းပြည်မြောက်ပိုင်း၌ တိုက်ခိုက်မှုကြောင့် ၁၀ဦးသေဆုံး၊ ၃၃ဦးဒဏ်ရာရရှိ

KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၂ရက်နေ့ထိ ထိခိုက် ၊ သေဆုံး အရေအတွက်စာရင်း(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၂ရက်နေ့ထိ သေဆုံးသူ ၁၀ဦးနှင့် ဒဏ်ရာရရှိသူ ၃၃ ဦးထိ တိုးမြင့်လာကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့များ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် တပ်မတော် နှစ်ဦး၊ရဲဝန်ထမ်း သုံးဦး၊ပြည်သူ ငါးဦး စုစုပေါင်း ၁၀ဦးသေဆုံးပြီး ပြည်သူ ၂၂ဦး၊ ရဲဝန်ထမ်း ကိုးဦး၊ ဝန်ထမ်း ၂ဦး စုစုပေါင်း ၃၃ဦး ဒဏ်ရာရရှိခဲ့သည်။

မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား KIA ၊ TNLA ၊ နှင့် MNDAA လက်နက်ကိုင်များ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပေါ်နေသော တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် မူဆယ်မြို့တွင် ယာယီကယ်ဆယ်ရေးစခန်းလေးခု ဖွင့်လှစ်ထားပြီး ယင်းစခန်းများတွင် စစ်ဘေးရှောင်ပြည်သူ သုံးထောင်ကျော်ရောက်ရှိနေသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.