Connect with us

North America

ကာကွယ်ဆေးထိုးရန် ငြင်းဆန်သည့် အမေရိကန်နိုင်ငံ Houston Methodist ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ၁၅၃ ဦး အလုပ်မှ နုတ်ထွက် သို့မဟုတ် အထုတ်ခံရ

အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ Methodist ဆေးရုံအဆောက်အဦအားတွေ့ရစဉ်(ဓာတ်ပုံ- Houston Methodist)

ဟူစတန်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဆေးရုံတစ်ရုံမှ ကျန်းမာရေးဝန်ထမ်း ၁၅၀ ကျော်သည် ဆေးရုံ၏ စည်းမျဉ်းဖြစ်သော မဖြစ်မနေ COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူရန် ငြင်းဆန်ခဲ့သည့်အတွက် အလုပ်မှနုတ်ထွက် သို့မဟုတ် အလုပ်ထုတ်ခံရခြင်း များ ကြုံတွေ့ခဲ့ရကြောင်း မီဒီယာက ဇွန် ၂၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။တက္ကဆက်စ်ထရီဘန် ၊ ဟူစတန် Methodist ဆေးရုံစည်းမျဉ်းစည်းကမ်းအရ ယင်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် ပထမဆုံး လုပ်ဆောင်သည့် ကျန်းမာရေးစနစ်တစ်ခုဖြစ်သော မဖြစ်မနေ ကာကွယ်ဆေးထိုးနှံမှုခံယူရန်လိုအပ်ပြီး ၊ ယင်းစည်းမျဉ်းအား လိုက်နာရန် ငြင်းဆန်ခဲ့သည့် ဝန်ထမ်း ၁၅၃ ဦး ကို အလုပ်မှထုတ်ပယ်ခြင်း သို့မဟုတ် နုတ်ထွက်ခွင့်ပြုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဆေးရုံပြောခွင့်ရအမျိုးသမီး Gale Smith ကဆိုသည်။

Houston Methodist ဆေးရုံက ၎င်း၏ ဝန်ထမ်းများအား မိမိတို့အလုပ်နေရာ ဆက်လက်တည်မြဲရေးအတွက် ဇွန် ၇ ရက် နောက်ဆုံးထား၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် ပြီးခဲ့သော ဧပြီတွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆေးရုံဝန်ထမ်း ၂၄,၉၄၇ ဦးက ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီး နောက်ဆုံး သတ်မှတ်ရက်အထိ ဆေးထိုးနှံရန် ပျက်ကွက်သော အခြား ဝန်ထမ်း ၁၇၈ ဦးကို အလုပ်မှ ယာယီဆိုင်းငံ့ကာ ၎င်းတို့အား ဆေးထိုးနှံရန် နောက်ထပ်အချိန် နှစ်ပတ်ပေးခဲ့ကြောင်း နှင့် ၂၅ ဦးကသာ ဆေးထိုးနှံမှု ပြန်လည် ခံယူခဲ့ကြောင်း Smith က ဆိုသည်။

ယင်းမူဝါဒမှာ တရားဥပဒေကြောင်းနှင့်ကိုက်ညီမှုမရှိကြောင်း စွပ်စွဲချက်ဖြင့် ဆေးရုံဝန်ထမ်းတစ်ဦးက ဆေးရုံအား တရားစွဲဆိုမှုပြုလုပ်ခဲ့သော်လည်း ယခုလအစောပိုင်းတွင် ဖက်ဒရယ်ခရိုင်တရားရုံးတရားသူကြီးတစ်ဦးက ယင်းအမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

Houston Methodist ဆေးရုံအမှုဆောင်အရာရှိချုပ် Marc Boom က ယင်းစည်းမျဉ်းစည်းကမ်းနှင့်ပတ်သက်၍ “ ဝန်ထမ်းတွေနဲ့ သမားတော်တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ ကျွန်တော်တို့လူနာတွေအတွေအတွက်ပဲဖြစ်ရမှာပါ ၊ ကျွန်တော်တို့လုပ်တဲ့အရာတိုင်းဟာ ဒီစင်တာထဲကလူတွေအတွက်ပဲ အမြဲတမ်းဖြစ်နေရမှာပါ ” ဟု ဆိုသည်။

ဟူစတန်ဆေးရုံ၏ အရေးယူဆောင်ရွက်မှုဖြစ်ပွားပြီးနောက်တွင် အရေအတွက်မြင့်တက်လာနေသော အမေရိကန်နိုင်ငံရှိ ကျန်းမာရေးအဖွဲ့အစည်းများက ကာကွယ်ဆေးမဖြစ်မနေထိုးနှံရေး စည်းမျဉ်းအား မိမိရွေးချယ်မှုဟူ၍ တုံ့ပြန်ခဲ့ကြသည်။(Xinhua)

———————————————
(English Version)

153 hospital employees in U.S. Houston resign or fired after refusing vaccination

HOUSTON, June 23 (Xinhua) — More than 150 healthcare workers who refuse to comply with hospital system’s COVID-19 vaccine mandate have resigned or been fired in U.S. Houston, media reported Wednesday.

According to The Texas Tribune, Houston Methodist – one of the first health systems to require the vaccine – has terminated or accepted the resignations of 153 workers, its spokeswoman Gale Smith said.

In April, Houston Methodist announced the requirement of its staff to get the vaccine by June 7 in order to keep their jobs, reports said. While 24,947 workers did get vaccinated, the hospital suspended 178 workers who had failed to do so by the deadline, giving them two more weeks to prove they had been immunized. Twenty-five of those employees did get vaccinated, Smith said.

Earlier this month, a federal district court judge dismissed a lawsuit brought by one of those employees who alleged the policy was unlawful.
Houston Methodist CEO Marc Boom applauded the ruling, saying that “employees and physicians made their decisions for our patients, who are always at the center of everything we do.”
Following Houston Methodist’s action, a growing number of healthcare organizations in the United States have opted to impose vaccine mandates

File photo of the Houston Methodist building in Houston, the United States. (Photo credit: Houston Methodist)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.