Connect with us

Asia

အဘူဆေးယက်ဖ်သူပုန်များနှင့် တိုက်ပွဲဖြစ်ပွားရာ ဖိလစ်ပိုင်အစိုးရတပ်မှ စစ်သား ၃ ဦးကျဆုံး၊၁၇ ဦးဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံရှိ အဘူဆေးယက်ဖ်သူပုန်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ဒီဇင်ဘာ၁၁ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ အစိုးရတပ်ဖွဲ့ဝင်များနှင့် အဘူဆေးယက်ဖ်သူပုန်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ စစ်သား အနည်းဆုံး ၃ ဦးကျဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၁ ရက်တွင်ပြောကြားသည်။

Sulu ပြည်နယ် Patikul ကျေးရွာ၌ ဒီဇင်ဘာလ ၁ဝ ရက် ဒေသစံတော် နံနက် ၁ဝ ခန့်တွင် အစိုးရတပ် နှင့် သူပုန်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးFilemon Tan ကပြောကြားခဲ့သည်။ အဆိုပါ တိုက်ပွဲမှာ တစ်နာရီ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း ဗိုလ်မှူး Tan ကဖြည့်စွက်ပြောကြားခဲ့သည်။

“ တပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးတွေ ဆက်လုပ်နေပါတယ်။ Sulu ပြည်နယ်မှာ ရှိနေတဲ့ အဘူဆေးယက်ဖ် သူပုန်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာပါ ” ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသမ္မတဒူတာတေးက Sulu ပြည်နယ်အတွင်း ပြန်ပေးဆွဲ ငွေညှစ်နေသည့် အဘူဆေးယက်ဖ်တပ်ဖွဲ့ဝင်များကို ရှာဖွေသုတ်သင်ကြရန် အမိန့်ပေးထားကြောင်း သိရသည်။ထို့ပြင် အဘူဆေးယက်ဖ်သူပုန်အုပ်စု နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစီအစဉ်မရှိကြောင်း ဒူတာတေးက ဆိုသည်။

ထို့ပြင် ဒူတာတေးသည် Sulu ပင်လယ်ပြင်အတွင်းလှုပ်ရှားနေသော အဘူဆေးယက်ဖ်သူပုန်များကို နှိမ်နှင်းရာတွင် ရေပြင်နယ်နိမိတ်ချင်း ထိစပ်နေသည့် အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံများကလည်း ပူးပေါင်းပါဝင်ကြရန် ၎င်းနှစ်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

“ စစ်တပ်ကို အမိန့်ပေးထားတယ်။ ဒီကောင်တွေကို အသေသတ်ဖို့ဖျက်ဆီးပစ်ဖို့” ဟု ဒူတာတေးက ဆိုသည်။ ထို့ပြင် အဘူဆေးယက်ဖ်များကို မည်သည့်အခါမျှ လွတ်ငြိမ်းချမ်းသားခွင့်မပေးရန်လည်း ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

အဘူဆေးယက်ဖ်အဖွဲ့သည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ရှိ Sulu နှင့် Basilan ပြည်နယ်များတွင် အခြေပြုလှုပ်ရှားနေသည့် အစွန်းရောက်အဖွဲ့တစ်ခုဖြစ်သည်။ ယခုအခါ အင်အား ၃၅ဝ ခန့်ရှိပြီး မွတ်စလင်အများစုနေထိုင်ရာ ယင်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် ၁၉၇ဝ ပြည့်နှစ် ကတည်းက တိုက်ခိုက်လာခဲ့ကြသူများဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.